နေပြည်တော် နိုဝင်ဘာ ၂၇
အိန္ဒိယ - မြန်မာ ကုန်သည်များအသင်း အသင်းဝင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ကုန်သည်လမ်းနှင့် ရွှေဘုံသာလမ်းထောင့်ရှိ India Centre ၌ ကျင်းပသည်။
ဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အိန္ဒိယသံအမတ်ကြီးတို့ တက်ရောက်၍ အဖွင့်အမှာစကား
ပြောကြားကြပြီး မြန်မာ - အိန္ဒိယ နှစ်နိုင်ငံကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးကိစ္စများ၊
အိန္ဒိယနိုင်ငံ ဈေးကွက်သို့ ပို့ကုန်များ တိုးမြှင့်တင်ပို့နိုင်ရေးနှင့် ကုန်သွယ်မှု
လျင်မြန်ချောမွေ့စေရေးကိစ္စများနှင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကြုံတွေ့နေရသော
အခက်အခဲများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြကာ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment