လားရှိုး နိုဝင်ဘာ ၁၇
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ်၊ ၇၀/၂၀၂၂ အရ ရှမ်းပြည်နယ်(မြောက်ပိုင်း ) လားရှိုးမြို့၊ လားရှိုးအကျဉ်းထောင်မှ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုသည့်အစီအစဉ်ကို ယနေ့နံနက် (၁၁)နာရီက လားရှိုးအကျဉ်းထောင်ရှိ ဓမ္မာရုံတွင်ပြုလုပ်သည်။
အဆိုပါ အစီအစဉ်သို့ အကျဉ်းဦးစီးဌာနမှ
ရှမ်းပြည်နယ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦး ၊ တာဝန်ခံအရာရှိလက်ထောက်ညွှန်ကြားရေးမှူး
ဦးသန်းကျော်တင့် ၊ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော်အောင်ဆန်း၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး
ရဲမှူးဝင်းသိန်းနှင့် တာဝန်ရှိ သူများတက်ရောက်ကြပြီး ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဦးက
ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ရသူ များအား ဆုံးမဩဝါဒစကားပြောကြားခဲ့သည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏
အမိန့်အမှတ်၊ ၇၀/၂၀၂၂ အရ ရှမ်းပြည်နယ် (မြောက်ပိုင်း ) လားရှိုးမြို့ ၊ လားရှိုးအကျဉ်းထောင်မှ
အကျဉ်းသား (၆၉)ဦး၊ အကျဉ်းသူ (၁၁)ဦး စုစုပေါင်း (၈၀) ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့်ရခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)


No comments:
Post a Comment