နေပြည်တော် နိုဝင်ဘာ ၁၇
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ကြိမ်ချောင်းကျေးရွာရှိ နယ်မြေခံရဲကင်းစခန်းအား နိုဝင်ဘာ ၁၆ ရက်တွင် AA အဖွဲ့မှ အင်အား ၂၀ ခန့်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လောင်းဒုံကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲမှုကြောင့် အပြစ်မဲ့ဒေသခံတိုင်းရင်းသားပြည်သူများ သေဆုံး၊ ဒဏ်ရာရရှိခဲ့မှုများဖြစ်ပေါ်ခဲ့သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာ ၁၆ ရက် မွန်းလွဲ
၁၂ နာရီ မိနစ် ၄၀ ခန့်တွင် လုံခြုံရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် ကြိမ်ချောင်းကျေးရွာ
နယ်မြေခံရဲကင်းစခန်းအား AA အဖွဲ့မှ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ
နယ်မြေခံရဲကင်း စခန်းအနီးရှိလယ်ကွင်းသို့ လက်နက်ကြီးသုံးလုံး၊ လောင်းဒုံ(မြို့)ကျေးရွာအတွင်းသို့
လက် နက်ကြီးကျည်သုံးလုံးကျရောက်ပေါက်ကွဲခဲ့သည်။
AA အဖွဲ့၏ ဆင်ခြင်တုံတရားကင်းမဲ့စွာ ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့်
လောင်းဒုံ(မြို)ကျေးရွာ အတွင်းသို့ကျရောက်ပေါက်ကွဲခဲ့သည့် လက်နက်ကြီးကျည်သုံးလုံးသည်
ယင်းကျေးရွာနေ ဦးဆော်မလုံး၏သားအမည်ပေးကင်ပွန်းတပ်ပွဲကျင်းပပြုလုပ်နေသည့် နေအိမ်အနီးသို့
ကျရောက်ပေါက်ကွဲခဲ့သဖြင့် အသက် ၅ နှစ်အရွယ် ကလေးငယ်တစ်ဦးနှင့် အသက် ၆ နှစ်အရွယ် ကလေးငယ်တစ်ဦးတို့အပါအဝင်
အမျိုးသားကိုးဦး၊ အမျိုးသမီးတစ်ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့ပြီး အသက် ၃ နှစ်အရွယ်
ကလေးငယ်တစ်ဦး၊ အသက် ၄ နှစ်အရွယ် ကလေးငယ် သုံးဦး အသက် ၅ နှစ်အရွယ် ကလေးငယ်သုံးဦးတို့အပါအဝင်
အမျိုးသား ၂၁ ဦး၊ အမျိုးသမီးသုံးဦး စုစုပေါင်း ၂၄ ဦးတို့တွင် လက်နက်ကြီးအစထိမှန်ဒဏ်ရာများ
အသီးသီးရရှိခဲ့သည်။
အဆိုပါဖြစ်စဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့်
အပြစ်မဲ့ဒေသခံတိုင်းရင်းသားပြည်သူများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေး၍
မောင်တောမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက် ဆေးကုသနိုင်ရေး လိုအပ်သည်များညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ခဲ့ပြီး
ထောက်ပံ့ငွေများ၊ ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းနှင့် ကျေးရွာပတ်ဝန်းကျင်တစ်ဝိုက်
လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့်လုံခြုံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်လျက်ရှိ
ကြောင်း သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment