နေပြည်တော် အောက်တိုဘာ ၂၄
သတင်းတု သတင်းမှားနှင့် သတင်းလိမ်များဖော်ပြ၍ ကောလာဟလ ဖြန့်ဝေနေကြသော Online Media များက ဖားကန့်တေးဂီတဖျော်ဖြေပွဲအား တပ်မတော်လေယာဉ်ဖြင့် ဗုံးကျဲမှုကြောင့် အပြစ်မဲ့ပြည်သူများနှင့် ကချင်ဝါရင့်အဆိုရှင်အချို့ သေဆုံးခဲ့ကြောင်း လူမှုကွန်ယက်တွင် ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိကြောင်း တွေ့ရှိရသည်။
သတင်းလိမ်မီဒီယာများက
ဖော်ပြခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားသည့် နေရာအတိအကျမှာ ဖားကန့်နယ်မြေအတွင်းရှိ
နိုင်ငံပိုင်သဘာဝသယံဇာတဖြစ်သည့် ကမ္ဘာကျော် ကျောက်စိမ်းများကို တရားဝင်နှင့်
တရားမဝင် တူးဖော်နေသည့် ကုမ္ပဏီများနှင့် ရေမဆေးကျောက်သမားများအပေါ် အဓမ္မဂုတ်သွေးစုပ်ခြိမ်းခြောက်၊
ငွေညှစ်၊ ဆက်ကြေးတောင်းခံရန် KIA နှင့် KIO ဗဟိုမှ ဖွဲ့စည်းထားသည့် KIA
တပ်မဟာ(၉) လက်နက်ကိုင်အဖွဲ့၏ အခြေပြုနေရာဖြစ်ပြီး ၎င်းနေရာအား Google
Map တွင် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ပြည်သူများနေထိုင်ခြင်း
သို့မဟုတ် လက်နက်ကိုင် အဖွဲ့အစည်း နေထိုင်ခြင်းတို့ကို ခွဲခြားကြည့်ရှုနိုင်ကြောင်း
သိရသည်။
ဖော်ပြပါ
ကောလာဟလသတင်းတွင်ပါဝင်သော ပြည်သူနှင့် အနုပညာရှင်များ သေဆုံးသည်ဟူသော နေရာသည် KIA တပ်မဟာ(၉)၏
ဌာနချုပ်နယ်မြေဖြစ်ပြီး အဆိုပါနေရာသို့ တရားမဝင်စီးပွားရေး
ဆက်သွယ်လုပ်ကိုင်ရန်အတွက် ကျောက်သူဌေးအချို့နှင့် KIA လက်နက်ကိုင်တပ်ဖွဲ့များသာ
ဝင်ရောက်နိုင်သည့် နေရာဖြစ်ကာ အများပြည်သူသွားလာရန် လုံခြုံရေးအရ
ကန့်သတ်ချက်ရှိသော နေရာဖြစ်၍ အကြမ်းဖက်သောင်းကျန်းသူများ၏ စစ်ရေးလှုပ်ရှားရာ
နယ်မြေတစ်ခုဖြစ်သည်။
အထက်ပါ
KIA တပ်မဟာ(၉)နှင့်
နောက်လိုက် KIA အဖွဲ့များအနေဖြင့် ဖားကန့်နယ်မြေနှင့်
ခန္တီး၊ ဟုမ္မလင်းနယ်မြေစပ်ကြား ဆည်ဇင်းကျေးရွာနှင့် ပတ်ဝန်းကျင်နေရာများသို့ PDF
အမည်ခံ အကြမ်းဖက်ပူးပေါင်းအဖွဲ့နှင့်အတူ သာလွန်အင်အားဖြင့် (၉)ကြိမ်
အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခြင်း၊ ဟုမ္မလင်း၊ ရေပေါ်မီးနှင့်
ဆက်စပ်နယ်မြေအတွင်းသို့ လုံခြုံရေးတပ်ဖွဲ့၏ အလစ်အငိုက်တွင်ဝင်ရောက်၍
ဆက်ကြေးကောက်ခံခြင်း၊ ပြန်ပေးဆွဲခြင်း၊ ခန္တီးမြို့အနီး နိုင်ငံတော်သို့တရားဝင်
အခွန်တော်ငွေပေးဆောင်၍ ကျောက်စိမ်းတူးဖော်နေသည့် နန်စီပွန်လုပ်ကွက်ရှိ
လုံခြုံရေးရဲစခန်းကိုလည်း ၂၀၂၁ မေလအတွင်း သာလွန်အင်အားဖြင့် ဝင်ရောက်စီးနင်းတိုက်ခိုက်ခြင်း၊
လုပ်ငန်းခွင်ပိုင်ယန္တရားများကိုလည်း ကစဉ့်ကလျား ပြန်လည်ဆုတ်ခွာချိန်၌
မီးရှို့ဖျက်ဆီးခဲ့ခြင်း၊ ကံဆီး၊ လုံးခင်၊ ဖားကန့်ရဲစခန်းများအား အကြိမ်ကြိမ်
နှောင့်ယှက်တိုက်ခိုက်ခဲ့ခြင်းများအပြင် ကံဆီး၊ လုံးခင်း၊ နန့်ယား၊ မိုးကောင်း
ကားလမ်းတစ်လျှောက်နှင့် တပ်မတော်စခန်းများအား ၂၀၂၁ ခုနှစ်မှ ယနေ့ကာလအထိ
အလစ်အငိုက်ရယူကာ (၁၁)ကြိမ်အထိ နှောင့်ယှက်တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့သည်။
ထို့အပြင်
အောက်တိုဘာ ၂၁ ရက်၊ ၂၂ ရက်နှင့် ၂၃ ရက်နေ့များတွင် မိုးမောက်မြို့နယ်အနီးရှိ
တပ်မတော်စခန်းများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အကြိမ်ကြိမ်ပြင်းထန်စွာ
အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ဗန်းမောက်သို့
ဧရာဝတီမြစ်ကြောင်းတစ်လျှောက် သယ်ပို့နေသည့် ခရီးသည်တင်ရေယာဉ်များနှင့်
စက်လှေများအား ကသာ၊ ရွှေကူနှင့် ဗန်းမော်ကြား အကြိမ်ကြိမ် အကြောင်းမဲ့ ပစ်ခတ်နေမှုတို့ကြောင့်
တပ်မတော်အနေဖြင့် KIA တပ်မဟာ(၉)နယ်မြေအား လိုအပ်သော စစ်ဆင်ရေးများ တန်ပြန်ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
Khit Thit
Media အပါအဝင် သတင်းလိမ်၊ သတင်းတု၊ သတင်းမှား ဖော်ပြနေကြသည့်
သတင်းဌာနများတွင် ဖော်ပြခဲ့သည့် ပြည်သူ ၅၀ ကျော်နှင့် အနုပညာရှင်များ သေဆုံးခဲ့ရသည်ဟူသော
ထုတ်ပြန်ချက်သည် ကောလာဟလသာဖြစ်ပြီး အတည်ပြုနိုင်သော မြေပြင်သတင်းများနှင့်
လိုင်ဇာ၊ KIO ဗဟိုဌာနချုပ်၏ အတွင်းသတင်းများအရ
တပ်မဟာမှူးအဆင့်ရှိ ရှရော်လဆိုင်း၊ ဒုတပ်မဟာမှူးအဆင့်ရှိ ဇယ်တောင်၊
တိုက်နယ်မှူးအဆင့်ရှိ ဒူကဘာလအောင်၊ သယံဇာတတိုင်းတာရေးတာဝန်ခံဆိုသူ ဖေရန်တို့
အပါအဝင် KIA နှင့် PDF အမည်ခံ
အကြမ်းဖက်အဖွဲ့ဝင်များသာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိခဲ့သည်။
လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့်
နယ်မြေတည်ငြိမ်ရေးနှင့် ငြိမ်ချမ်းရေးတို့အတွက် လိုအပ်သည့် သောင်းကျန်းသူ
ချေမှုန်းရေး၊ စစ်ဆင်ရေးများကို ဂျီနီဗာကွန်ဗန်းရှင်း (၄)ရပ်ကို အခြေခံသော
လက်နက်ကိုင်ပဋိပက္ခဆိုင်ရာဥပဒေ (Law of Armed Conflict)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ
ထုတ်ပြန်ထားရှိသည့် ထိတွေ့တိုက်ခိုက်မှုဆိုင်ရာစည်းမျဉ်း (Rules of
Engagement-ROE)အတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။

No comments:
Post a Comment