Saturday, October 22, 2022

ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင်စေတီတော်မြတ်ကြီး၊ ကင်းမွန်းချောင်းတောင် တက်ကားဂိတ်အား KNLA တပ်မဟာ(၁)နှင့် NUG၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်မှုနှင့်ပတ်သက်၍ မော်လမြိုင်မြို့၌ ပြင်းထန်စွာ ဆန့်ကျင်ရှုတ်ချကြောင်း ဆန္ဒထုတ်ဖော်

 

နေပြည်တော် အောက်တိုဘာ ၂၂

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ကျိုက်ထီးရိုးဆံတော်ရှင် စေတီတော်မြတ်ကြီး၊ ကင်းမွန်းချောင်းတောင်တက် ကားဂိတ်အား KNLA တပ်မဟာ(၁)နှင့် NUG ၊ CRPH တို့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ရက်စက်မိုက်မဲစွာ လာရောက်ပစ်ခတ်ခဲ့သဖြင့် ဘုရားဖူး ပြည်သူ ၃ ဦးသေဆုံးခဲ့ပြီး၊ ၁၉ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ပြင်းထန်စွာရှုတ်ချကြောင်းကို ယနေ့တွင် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ရှိ သံဃာတော်များနှင့် မော်လမြိုင်မြို့နေ အကြမ်းဖက်မှုများကို မလိုလားသော ဒေသခံပြည်သူများ စုပေါင်း၍ မော်လမြိုင်မြို့၊ ဘိုကုန်းရပ်ကွက်၊ အထက်လမ်းမကြီးရှိ သံလွင်ဉယျာဉ်ပန်းခြံအတွင်း “KNU၊ NUG၊ PDF တို့ ဗုဒ္ဓဘာသာကို အကြမ်းဖက်သောနေ့၊ ဘုရားဖူးပြည်သူများ အကြမ်းဖက်မှုကို ဆန့်ကျင်ကြ၊ KNLA တပ်မဟာ(၁) အကြမ်းဖက်အဖွဲ့ကို အလိုမရှိ၊ တရားမဝင် NUG၊ CRPH အလိုမရှိ၊ NUG၊ CRPH လက်ဝေခံ PDF အဖွဲ့ကို အလိုမရှိ” စသည့် ပိုစတာများ၊ ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ကြွေးကြော်သံများဖြင့် ကြွေးကြော်၍ အေးချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သတင်းရရှိသည်။

No comments:

Post a Comment