(၂၃-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီ
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံအတွင်းကူးစက်ဖြစ်ပွားနေသော COVID-19 ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျလိုက်နာဆောင်ရွက်ရန်လိုအပ်ပြီး COVID-19 ကာကွယ်ဆေး ထိုးနှံမှုခံယူခြင်းအား အထူးဂရုပြုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။
COVID-19 သံသယလူနာများ၊ ဓာတ်ခွဲအတည်ပြုလူနာနှင့်
အနီးကပ်ထိတွေ့ခဲ့သူများနှင့် အသွားအလာကန့်သတ်ထားရှိသူများအား COVID-19 ရောဂါ ရှိ၊ မရှိ
ဓာတ်ခွဲစစ်ဆေးခြင်း ပုံမှန် ဆောင်ရွက်လျက်ရှိပြီး (၂၂-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီမှ
(၂၃-၁၀-၂၀၂၂) ရက်နေ့၊ ည (၈:၀၀) နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း (၈,၅၅၃) ခုအား စစ်ဆေးပြီးစီးခဲ့ရာ
COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာသစ် (၁၅၈)ဦး တွေ့ရှိရသဖြင့် ရောဂါပိုးတွေ့ရှိမှုရာခိုင်နှုန်းမှာ
(၁.၈၅) ရာခိုင်နှုန်း ရှိပါသည်။
သို့ဖြစ်ပါ၍ ယနေ့အထိ ဓာတ်ခွဲနမူနာစုစုပေါင်း
(၉,၃၃၂,၁၁၃)ခုအားစစ်ဆေးခဲ့ပြီး COVID-19 ဓာတ်ခွဲအတည်ပြုလူနာ စုစုပေါင်း (၆၃၀,၆၀၃) ဦး
ရှိပြီဖြစ်ပါသည်။
ဓာတ်ခွဲအတည်ပြုလူနာများအား နေအိမ်တွင်သီးခြားထားရှိခြင်းနှင့်
ဆေးရုံများတွင် သီးခြား ထားရှိကုသမှုပေးခြင်းများ ဆောင်ရွက်ခဲ့ရာ ယနေ့တွင် ပြန်လည်ကောင်းမွန်လာသူ
(၂၅၁) ဦး ရှိသဖြင့် ယနေ့အထိပြန်လည်ကောင်းမွန်လာသူ စုစုပေါင်း (၆၀၄,၃၁၈)ဦးရှိပြီဖြစ်ပါသည်။
ယနေ့တွင် COVID-19 ရောဂါဖြင့် သေဆုံးသူ (၁)ဦးရှိပါသဖြင့် ယနေ့အထိ သေဆုံးသူစုစုပေါင်း
(၁၉,၄၇၆) ဦး ရှိပါသည်။
COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက်
တိုင်းဒေသကြီး/ပြည်နယ်များတွင် COVID-19 ရောဂါကာကွယ်ဆေးကို ဦးတည်အုပ်စုများသတ်မှတ်၍
ထိုးနှံပေးလျက်ရှိရာ (၂၂-၁၀-၂၀၂၂) ရက်နေ့အထိ အသက်(၁၈)နှစ်နှင့်အထက် လူဦးရေစုစုပေါင်း
(၃၀,၆၈၃,၆၆၆)ဦးနှင့် အသက် (၁၈)နှစ်အောက် လူဦးရေစုစုပေါင်း (၆,၆၇၇,၆၃၄)ဦးတို့အားထိုးနှံထားရှိပြီး
ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် (၂၈-၁-၂၀၂၂) ရက်နေ့မှ
(၁၅-၁၀-၂၀၂၂)ရက်နေ့အထိ တွေ့ရှိရသော ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသူများနှင့် သေဆုံးသူများ၏
ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံထားရှိမှု အခြေအနေများကို ဆန်းစစ်ချက်အရ ကိုဗစ်-၁၉ရောဂါဖြစ်ပွားသူ
စုစုပေါင်း၏ (၉၀.၄) ရာခိုင်နှုန်းနှင့် ကိုဗစ်-၁၉ရောဂါကြောင့် သေဆုံးသူစုစုပေါင်း၏
(၈၀.၉)ရာခိုင်နှုန်းတို့မှာ ကာကွယ်ဆေးလုံးဝ ထိုးနှံထားခြင်းမရှိသူများနှင့် ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံထားခြင်း
မရှိသူများဖြစ်ကြောင်း တွေ့ရှိရပါသည်။
နိုင်ငံတကာသုတေသနတွေ့ရှိချက်များအရလည်း
ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံ ထားသူများတွင် ရောဂါပြင်းထန်မှု၊ ဆေးရုံတက်ရောက်ကုသခံရမှုနှင့်
သေဆုံးမှုတို့ကို လျှော့ချနိုင်ပြီး ထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်းဖြင့် ရောဂါပြင်းထန်မှု၊
ဆေးရုံတက်ရောက် ကုသခံရမှုနှင့် သေဆုံးမှုတို့ကို ပိုမိုလျှော့ချနိုင်ကြောင်းကို တွေ့ရှိရပါသည်။
သို့ဖြစ်ရာ အသက် ၅ နှစ်နှင့်အထက် ပြည်သူများသည် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးအား မဖြစ်မနေထိုးနှံထားရှိ
ရန်လိုအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာနသည် အသက် ၅ နှစ်နှင့်အထက်
ပြည်သူများအားလုံးအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးလျက်ရှိသည့်အပြင် အသက်
၁၂ နှစ်မှ ၁၈ နှစ်အတွင်း ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးမှုကာလ ၆ လနှင့်အထက်ရှိသော
ကျောင်းသား၊ ကျောင်းသူများနှင့် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ထပ်ဆောင်းကိုဗစ်-၁၉ရောဂါ
ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေးလျက်ရှိရာ ပြည်သူများအနေဖြင့် နီးစပ်ရာကျန်းမာရေး ဌာနများ၊
ကျေးရွာ/ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ဆက်သွယ်၍ ကာကွယ်ဆေးထိုးနှံမှုကို မပျက်မကွက်ခံယူကြပါရန်
တိုက်တွန်းနှိုးဆော်အပ်ပါသည်။
ကိုဗစ်-၁၉ ရောဂါဆိုင်ရာ သတင်းအချက်အလက်များကို
ကျန်းမာရေးဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာ moh.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
No comments:
Post a Comment