ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ
ပညာရေးဝန်ကြီးဌာန
အဆင့်မြင့်ပညာဦးစီးဌာန
ကြေညာချက်
၁။ ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်များတွင် ပထမနှစ် (ဒုတိယနှစ်ဝက်)နှင့် ဒုတိယနှစ်မှ မဟာဘွဲ့သင်တန်းများအထိ နေ့သင်တန်းများအားလုံးကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၁၀)ရက်တွင်ဖွင့်လှစ်မည်ဖြစ်ကြောင်း ကြေညာအပ်ပါသည်။ ကျောင်းအပ်လက်ခံခြင်းကို (၂၇-၁၀-၂၀၂၂)ရက်မှ (၁၈-၁၁-၂၀၂၂)ရက်အထိ (စနေနေ့နှင့် တနင်္ဂနွေနေ့များအပါအဝင်) လက်ခံဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
၂။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် ပထမနှစ်(ပထမနှစ်ဝက်) နေ့သင်တန်းများကို ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၂၁) ရက်တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
အဆင့်မြင့်ပညာဦးစီးဌာန
No comments:
Post a Comment