မော်လမြိုင် အောက်တိုဘာ ၃၁
မွန်ပြည်နယ်အတွင်း မြို့ပြသွင်ပြင် လက္ခဏာပေါ်လွင်ရေးနှင့် မြို့သန့်ရှင်း သာယာလှပရေး အလေးထား ဆောင် ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီး ချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် အောက်တိုဘာ ၂၉ ရက်၊ နံနက်ပိုင်းက မော်လမြိုင်မြို့၊ မန္တလေးရပ်ကွက်၊ သံလွင်မြစ်ကမ်းဘေးတစ်လျှောက်နှင့် မွန်ပြည်နယ်တရားလွှတ်တော်ရုံး ပတ်ဝန်းကျင်တွင်ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီနှင့် လူမှုအဖွဲ့အစည်းများက ချုံနွယ်၊ မြက်နှင့် အမှိုက်များကို ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်မှုကို ကြည့်ရှုအားပေးခဲ့သည်။
ထိုနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပြည်နယ်စည်ပင်သာယာ ရေးအဖွဲ့မှ ပြည်နယ်ခွင့်ပြုဘဏ္ဍာ ငွေကျပ် (၁၂၈.၁)သန်းဖြင့် တာဝန်ယူဆောင်ရွက်သည့် ခေါင်းဆေးကျွန်း ဆိပ်ခံကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှု အခြေအနေကို ကြည့်ရှုစစ်ဆေးရာ၊ တာဝန်ရှိသူက လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေးနှင့် အရည်အသွေး ပြည့်မီအောင် တည်ဆောက်ရေးမှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)
No comments:
Post a Comment