Thursday, October 27, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း​ မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) တက်​ရောက်

 


မော်လမြိုင် အောက်တိုဘာ ၂၇

မွန်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး လုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးအမှတ်စဉ် (၃/၂၀၂၂) ကိုအောက်တိုဘာ ၂၆ ရက်နေ့ မွန်းလွဲ ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ​အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း တက်ရောက်ခဲ့သည်။

ရှေးဦးစွာ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက ပြည်ပအစားထိုး သွင်းကုန်များကို မိမိတို့ပြည်နယ် အတွင်း၌ အရည်အသွေးမီ ထုတ်လုပ်ဆောင်ရွက်နိုင်မည်ဆိုပါက စီးပွားရေး လုပ်ငန်းများ ကောင်းမွန်လာပြီး ​​ဒေသတွင်း လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်​ကြောင်း၊ ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) လုပ်ငန်းများကို ဖော်ဆောင်၍ ​ဒေသထွက်ကုန်ထုတ်လုပ်ခြင်းများကို မြှင့်တင်​ပေး​ခြင်း၊ စိုက်ပျိုး​မွေးမြူရေး ထုတ်ကုန်များကို အခြေခံသည့် ကုန်ထုတ်လုပ်မှုများကို ပိုမိုတိုးတက်​ထုတ်လုပ်စေခြင်းတို့ကို အ​ထူးအ​လေး​ပေး ဆောင်ရွက်​ကြစေလိုကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်မှုရှိ​စေ​ရန်နှင့် ပြည်သူလူထုကို တိုက်ရိုက် အကျိုးပြု​စေ​မည့် လုပ်ငန်းများ​ကို ​Standard Operating Procedure (SOP) များနှင့်အညီ ​ဆောင်ရွက်ကြရန်လို​ကြောင်း၊ ​ကောင်းမွန်​သော စီးပွား​ရေး အ​ခြေအ​နေ​ကောင်းများ ​ပေါ်ထွန်း လာ​စေ​ရေးနှင့် ပြည်သူများ စီးပွား​ရေးအခွင့်အလမ်းများရရှိ​စေ​ရေးအတွက် အားလုံးဝိုင်းဝန်းပူး​ပေါင်း ဆောင်ရွက်​ပေးကြရန် ​ပြောကြား ခဲ့သည်။

ထိုနောက် တက်​ရောက်လာသူများမှ  နိုင်ငံစီးပွားမြှင့်တင်​ရေး ရန်ပုံ​ငွေဖြင့် အ​ကောင်အထည်​ဖော်​ဆောင်ရွက်ရန် စိုက်ပျိုး​ရေး၊ မွေးမြူရေးနှင့် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၊ ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ရှင်းလင်းတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်​ဆွေး​နွေးခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ​​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​​ပေးခဲ့‌ကြောင်းသိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

 

No comments:

Post a Comment