Sunday, October 23, 2022

ရေကြောင်းသတိပေးချက် ထုတ်ပြန်

 

နေပြည်တော် အောက်တိုဘာ ၂၂

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၏ ရေနံရှာဖွေတူးဖော်ရေးလုပ်ငန်းများတွင် အကျိုးတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိသော PTTEP International Limited သည် ကမ်းလွန်လုပ်ကွက် အမှတ်၊ M-9 တွင် Development Drilling Campaign 2023-2024(1D) လုပ်ငန်းများအား Semi-Tender Assist Drilling Rig, GUO HAI TAI HE “GHTH” ဖြင့် ဆောင်ရွက်သွားမည့် တည်နေရာကိုဖော်ပြသည့် Coordinate များဖြစ်သော Restricted Area Boundary Coordinates for 1D တွင် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၀ မိနစ် ၀၈ ဒသမ ၈၇၄ စက္ကန့်၊

အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၉ မိနစ် ၄၄ ဒသမ ၁၀၈ စက္ကန့်၊ Point B မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၀ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ Point C မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၁၅ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ Point D မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၀ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ အရှေ့လောင် ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့်၊ Point E မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၂ မိနစ် ၁၁ ဒသမ ၀၀၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၀၀ ဒသမ ၀၀၀ စက္ကန့် ၊Point F မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၂ မိနစ် ၁၁ ဒသမ ၀၀၀ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၅ ဒီဂရီ ၂၉ မိနစ် ၅၀ ဒသမ ၅၀၀ စက္ကန့်နှင့် Point A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၄၀ မိနစ် ၀၈ ဒသမ ၈၇၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၂၉ မိနစ် ၄၄ ဒသမ ၁၀၈ စက္ကန့် နှင့် Tentative Schedule for Drilling with GUO HAI TAI HE “GHTH” Rig for M9,1D တွင် Point ZWP-05 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၄ မိနစ် ၃၁ ဒသမ ၇၅၈ စက္ကန့်၊ အရှေ့လောင်ဂျီ တွဒ် ၉၆ ဒီဂရီ ၀၂ မိနစ် ၀၂ ဒသမ ၄၆၃ စက္ကန့်၊ Point ZWP-06 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၀၈ မိနစ် ၂၈ ဒသမ ၆၇၄ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၁ မိနစ် ၂၄ ဒသမ ၇၀၇ စက္ကန့်၊ Point ZWP-07 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ် ၃၇ ဒသမ ၉၁၅ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၄ မိနစ် ၄၈ ဒသမ ၀၃၇ စက္ကန့်၊ Point ZWP-08 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၉ မိနစ် ၀၆ ဒသမ ၂၅၂ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၀ မိနစ် ၂၄ ဒသမ ၅၈၂ စက္ကန့်၊ Point ZWP-12 Zawtika-25 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၁ မိနစ် ၅၂ ဒသမ ၇၉၈ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၃၆ မိနစ် ၄၃ ဒသမ ၅၈၆ စက္ကန့်၊ Point ZWP-13 Zawtika-24 မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၂၉ မိနစ် ၀၇ ဒသမ ၈၃၆ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၅၉ မိနစ် ၂၂ ဒသမ ၇၆၅ စက္ကန့်၊ Point ZWP-14 Zawtika-15 မြောက်လတ္တီတွဒ် ၁၃ ဒီဂရီ ၅၉ မိနစ် ၅၄ ဒသမ ၃၁၀ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၅ ဒီဂရီ ၄၇ မိနစ် ၄၅ ဒသမ ၄၁၀ စက္ကန့်နှင့် Point ZWP-15Zawtika-20A မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၆ မိနစ် ၂၇ ဒသမ ၀၁၁ စက္ကန့်၊ အရှေ့လောင်ဂျီတွဒ် ၉၆ ဒီဂရီ ၀၅ မိနစ် ၁၂ ဒသမ ၉၅၅ စက္ကန့်တို့အတွင်းတွင် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ ကမ်းလွန်လုပ်ကွက်အမှတ်၊ M-9 တွင် Development Drilling Campaign 2023-2024(1D) လုပ်ငန်းများအား Semi-Tender Assist Drilling Rig, GUO HAI TAI HE “GHTH”ဖြင့် လုပ်ငန်းများ ဆောင်ရွက်နေစဉ်ကာလအတွင်း လုပ်ငန်းများနှောင့်နှေးကြန့်ကြာမှု မဖြစ်ပေါ် စေရေးအတွက် အထက်ဖော်ပြပါ တွင်းတူးဖော်မည့်တည်နေရာများမှ ၄ ကီလိုမီတာ ပတ်လည် အတွင်းအား ရေကြောင်းသတိပေးချက် (Notice to Mariners) ထုတ်ပြန်ကြေညာထားပါ၍ သင်္ဘောကြီးငယ်များ၊ ကုန်တင်စက်လှေများ၊ ငါးဖမ်းသင်္ဘောများ၊ စက်တပ်သမ္ဗန်များဖြတ်သန်း သွားလာခြင်း၊ ကျောက်ချရပ်နားထားခြင်း၊ ငါးဖမ်းဆီး ခြင်းနှင့် ငါးဖမ်းကိရိယာများ ချထားခြင်း မပြုလုပ်ကြရန် ငါးလုပ်ငန်းဦးစီးဌာနက ရေကြောင်းသတိပေးချက် ထုတ်ပြန်ထားသည်။

သတင်းစဉ်

No comments:

Post a Comment