Monday, October 24, 2022

ဒုတိယဝန်ကြီးဦးရဲတင့် မန္တ​လေးတိုင်း​ဒေသကြီးအတွင်း ပြန်ကြား​ရေးလုပ်ငန်းများ ကြည့်ရှုစစ်​ဆေး

 

ပခုက္ကူ အောက်တိုဘာ ၂၃


ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးရဲတင့်သည် ယမန်နေ့နံနက်ပိုင်းက မန္တ​လေးတိုင်း​ဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပုပ္ပားထပ်ဆင့်လွှင့်စက်ရုံမှူးတို့အား တွေ့ဆုံမှာကြားသည်။

မွန်းလွဲပိုင်းတွင် ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ ညောင်ဦးခရိုင် ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ပခုက္ကူခရိုင်ဦးစီးမှူးနှင့် အရာထမ်းများအားတွေ့ဆုံ၍ လုပ်ငန်းဆိုင်ရာများ မှာကြားသည်။

ဒုတိယဝန်ကြီးက ဝန်ထမ်းများနှင့်တွေ့ဆုံစဉ် မိမိတို့ရည်မှန်းချက်တာဝန်ဖြစ်သည့် ပြန်ကြားပေးရန်နှင့် အသိပညာပေးရန်တို့ကို အလေးထားဆောင်ရွက်ရန်၊ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်ရေးကို သက်ဆိုင်ရာဌာနများနှင့်ပူးပေါင်းပြီး ဦးစားပေးဆောင်ရွက်ကြရန်၊ ပြည်သူ့စာကြည့်တိုက်များသို့ ပြည်သူနှင့်လူငယ်လူရွယ်များ လာရောက်ဖတ်ရှုလေ့လာရန်နှင့် စာဖတ်စာငှားသူဦးရေတိုးပွားရေး၊ စာဖတ်ရှိန်မြှင့်တင်ရေးကို စည်းရုံးဆောင်ရွက်ရန်၊ အများစုမှာဒေသခံဝန်ထမ်းများဖြစ်ကြသဖြင့် တာဝန်ကျေထမ်းဆောင်ခြင်းထက်ပိုမို၍ မိမိဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စေတနာထား၍ဆောင်ရွက်ကြရန် မှာကြားသည်။

ဒုတိယဝန်ကြီးသည် ယနေ့နံနက်ပိုင်းတွင် မ​ကွေးတိုင်း​ဒေသကြီး ပခုက္ကူမြို့နယ် လမ်းရွာ ကျေးရွာအုပ်စုအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများသို့သွားရောက်၍ ဆရာတော် သံဃာတော်များအား သင်္ကန်းနှင့် နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းပြီး ကျေးရွာရပ်ကွက် စာကြည့်တိုက်များကို ကြည့်ရှုအားပေးကာ စာအုပ်စာစောင်များ လှူဒါန်းခဲ့သည်။ ထို့နောက် ကျေးရွာအုပ်ချုပ်ရေးမှူး၊ အလယ်တန်းကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာများအားတွေဆုံ၍ နယ်မြေအေးချမ်းသာယာရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးရေးဆောင်ရွက်ရန်များ ညှိနှိုင်းဆွေးနွေးခဲ့သည်။

သတင်းစဉ်

No comments:

Post a Comment