Sunday, October 30, 2022

နာဂဒေသ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ်နှင့် ဒေသခံပြည်သူ/ ဌာနဆိုင်ရာ၀န်ထမ်းများတွေ့ဆုံ


 

လဟယ်  အောက်တိုဘာ  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြတ်ကျော်နှင့် ဒေသခံပြည်သူများ၊ ဒေသအဆင့်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁၄:၀၀)နာရီအချိန် လဟယ်မြို့ နာဂရိုးရာယဉ်ကျေးမှုပြတိုက်ခန်းမ၌ ကျင်းပပါသည်။

ရှေးဦးစွာ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၀န်ကြီးချုပ် ဦးမြတ်ကျော်က ဖွင့်အမှာစကားပြောကြားရာတွင် နာဂဒေသသည် တည်ငြိမ်အေးချမ်းတဲ့ ဒေသဖြစ်တာကြောင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများစွာ ခွင့်ပြုဆောင်ရွက်ပေးလျက်ရှိကြောင်း ဒေသတည်ငြိမ်အေးချမ်းတယ်ဆိုတာ ဒေသခံပြည်သူတွေရဲ့ ခံယူချက်ခြင်းတူညီတာကြောင့်ဖြစ်ကြောင်း ပြောကြားပါသည်။

ထို့နောက် တက်ရောက်လာကြသော ဒေသအဆင့်/မြို့နယ်အဆင့်ဌာနဆိုင်ရာ၀န်ထမ်းများ၊ ပြည်သူများက ဒေသအတွက်ဆောင်ရွက်လိုသည်များ တင်ပြကြရာသက်ဆိုင်ရာ တိုင်းဒေသကြီးအဆင့် ဌာနအကြီးအကဲများမှ တင်ပြချက်များအပေါ် ဖြည့်စွက်ရှင်းလင်းတင်ပြကြပါသည်။ ၎င်းနောက် စစ်ကိုင်းတိုင်းဒေသကြီး

ဝန်ကြီးချုပ်ဦးမြတ်ကျော်က တင်ပြချက်အပေါ် သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး တွေ့ဆုံပွဲ ပထမပိုင်းကိုရုတ်သိမ်းခဲ့ကြောင်းသိရသည်။

ဆက်လက်၍ ဒုတိယအပိုင်း အခမ်းအနားစတင်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အစီအစဉ်ဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့် ထိခိုက်နစ်နာဆုံးရှုံးခဲ့သည့် စီးပွားရေးကို ကုစားတဲ့အနေဖြင့် နိုင်ငံ့စီးပွါးမြှင့်တင်ရေးရန်ပုံငွေ ပေးအပ်ပွဲကျင်းပရာတွင် ဝန်ကြီးချုပ်က အဖွင့်အမှာစကားပြောကြားပါသည်။ ထို့နောက် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်း၀င်းမှ နိုင်ငံ့စီးပွားမြင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပါသည်။

ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများကို ဝန်ကြီးချုပ်နှင့်ဌာနဆိုင်ရာအကြီးအကဲများက ဒေသခံပြည်သူများထံပေးအပ်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အသေးစား၊ အလတ်စားလုပ်ငန်းများလုပ်ကိုင်နေသည့် ဒေသခံပြည်သူများအား ရန်ပုံငွေများပေးအပ်ပြီး ဒေသခံပြည်သူတစ်ဦးမှ ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကိုရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။

လဟယ်ပြန်ဆက်

No comments:

Post a Comment