နေပြည်တော် အောက်တိုဘာ ၂၄
ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်ဝင်းသည် ယနေ့မွန်းလွဲပိုင်းတွင် လှည်းကူးမြို့နယ် ပညာရေးမှူးရုံး၌ ရန်ကုန်တိုင်းဒေသကြီး ပညာရေးမှူး၊ လှည်းကူးမြို့နယ်ပညာရေးမှူးနှင့် လှည်းကူးမြို့နယ်ရှိ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများနှင့် တွေ့ဆုံသည်။
ပညာတတ်များဖြစ်အောင်
မွေးထုတ်
တွေ့ဆုံရာတွင်
ဒုတိယဝန်ကြီးက ဆရာ ဆရာမများအနေဖြင့် မျိုးဆက်သစ် ကျောင်းသား ကျောင်းသူများကို ပညာတတ်
လူတော်လူကောင်းများဖြစ်အောင် မိမိတို့ကိုယ်တိုင် စေတနာ၊ ဝါသနာ၊ အနစ်နာဖြင့် ပြုစုပျိုးထောင်
သင်ကြားပေးကြစေလိုကြောင်း၊ ကလေးများ၏ အနာဂတ်သည် ဆရာ ဆရာမများ၏ လက်ထဲတွင်ရှိပါကြောင်း၊
ဒါသင် ဒါမေး ဒါကျက် ပုံစံမျိုးမဖြစ်စေဘဲ မှန်ကန်သော စဉ်းစားတွေးခေါ်မှုကို အခြေပြု၍ စည်းကမ်းရှိသော၊
ယဉ်ကျေးလိမ္မာသော၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ်ရှိသော ပညာတတ်များ ဖြစ်အောင် မွေးထုတ်ပေးကြစေလိုပါကြောင်း၊
လာမည့်ပညာသင်နှစ်မှစတင်၍ ခရိုင် ၅၀ ရှိ အခြေခံ ပညာအထက်တန်းကျောင်း ၅၀ တွင် စိုက်ပျိုးရေး၊
မွေးမြူရေးနှင့် စက်မှုပေါင်းစည်း အထက်တန်းကျောင်းများတွဲဖက်၍ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါကြောင်း၊
ဆရာ ဆရာမများအနေဖြင့် မိမိတို့၏ အရည်အသွေး တိုးတက်ရေးအတွက် အမြဲလေ့လာ ဆည်းပူးနေကြရမည်ဖြစ်ကြောင်း
ပြောကြားကာ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment