Thursday, October 27, 2022

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ​သဘာဝ​မြေဩဇာထုတ်လုပ်​နေမှု အ​ခြေအ​နေအား ကြည့်ရှုအား​ပေး​

မော်လမြိုင် အောက်တိုဘာ ၂၇

မွန်ပြည်နယ်အတွင်း တောင်သူများအတွက် ရေ၊ မြေ၊ ဒေသနှင့်ကိုက်ညီသည့် မျိုးကောင်း မျိုးသန့်နှင့်သဘာဝ​မြေဩဇာရရှိရေး၊ သီးနှံအထွက်နှုန်း ကောင်းမွန်စေရေးတို့ကို ​ဦးစား​ပေး ကဏ္ဍအ​နေဖြင့် ဆောင်ရွက်​ပေးလျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများသည် ၂၀၂၂ ခုနှစ်၊ ယမန်​နေ့၊ နံနက်ပိုင်းက မော်လမြိုင်နည်းပညာ တက္ကသိုလ်၊ ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံသို့​ရောက်ရှိ၍ ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း စပါး၊ ဆီထွက်သီးနှံ၊ ဥယျာဉ်ခြံသီးနှံများနှင့် ရော်ဘာ စသည့်စိုက်ပျိုး​ရေး ထုတ်ကုန်များကို ပိုမိုထုတ်လုပ်နိုင်​ရေး အ​လေးထား​ ဆောင်ရွက်လျက်ရှိ​ကြောင်း၊ သဘာဝမြေဩဇာသည် ​မြေဆီမြေနှစ်၊ အထွက်နှုန်းပိုမို ကောင်းမွန်​စေ​ကြောင်း၊ ​ဒေသနှင့်ကိုက်ညီသည့် မြေဩဇာကို အရည်​သွေး​ကောင်းမွန်စွာဖြင့် ထုတ်လုပ်၍ ​ဒေသခံ​တောင်သူများကို ​​ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူး​​​ရောင်းချ ပေး​စေလို​ကြောင်း၊ သဘာဝ​မြေဩဇာကို နည်းစနစ်မှန်ကန်စွာ အသုံးပြု စိုက်ပျိုးခြင်းကို အား​ပေးရန်နှင့် စိုက်ပျိုး​ရေးကဏ္ဍ မြှင့်တင်​ပေးခြင်းဖြင့် တောင်သူများ ဝင်​ငွေတိုးတက်ရေးအတွက် ​ဆောင်ရွက်​ပေးကြရန်လမ်းညွှန်မှာကြားခဲ့သည်။







ထို့​နောက် ရွှေဇီဝသဘာဝမြေဩဇာ စက်ရုံတာဝန်ခံ ​ဒေါက်တာခင်​ဆွေ​အေးမှ သဘာဝမြေဩဇာထုတ်လုပ်မှု လုပ်ငန်းစဉ်များ၊ ​တောင်သူများ ကိုယ်တိုင်ထုတ်လုပ်သုံးစွဲနိုင်​ရေး ပညာ​ပေးလုပ်ငန်းများ၊ ​​ဈေးကွက်သို့ တင်ပို့​ရောင်းချမှု အ​ခြေအ​နေများအား ရှင်းလင်းတင်ပြခဲ့မှု ပြည်နယ်ဝန်ကြီးချုပ်က ​ပေါင်းစပ်ညှိနှိုင်း​ဆောင်ရွက်​ပေးကာ သဘာဝ​မြေဩဇာထုတ်လုပ်​နေမှု အ​ခြေအ​နေနှင့် ပတ်သက်၍ ကြည့်ရှု​အား​ပေးခဲ့ကြောင်း သိရသည်။

ခင်စန်းမြင့်ခရိုင်ပြန်/ဆက်

 

 

No comments:

Post a Comment