Thursday, October 27, 2022

မိဘပြည်သူများသို့ အသိပေးထုတ်ပြန်ချက်

 

၁။ မိဘပြည်သူများအနေဖြင့် နိုင်ငံသားစိစစ်ရေးကတ်များနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပုံစံ-၆၆/၆ (အထစ)နှင့်ပတ်သက်၍ အခက်အခဲများ သက်ဆိုင်ရာမြို့နယ်လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ကြောင်း (၁၉-၉-၂၀၂၂)ရက်နေ့မှစတင်၍ အသိပေးကြေညာခဲ့ပါသည်။

၂။ အဆိုပါထုတ်ပြန်ချက်၏ အပိုဒ် (၁)(င) နှင့် (၂)(ဃ)တွင် အောက်ဖော်ပြပါအတိုင်း အသိပေးကြေညာခဲ့ပြီးဖြစ်ပါသည်-

အပိုဒ်(၁)(င) နိုင်ငံသားစိစစ်ရေးကတ်တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားရှိခြင်းမပြုရ။ ကိုင်ဆောင်ထားခြင်းရှိပါက သက်ဆိုင်ရာမြို့နယ်လဝကရုံးများတွင် အမြန်သွားရောက် အပ်နှံရမည်။ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ကတ်အပိုများအပ်နှံခြင်းမပြုပါက နောက်ဆုံးထုတ်ယူသော နိုင်ငံသားကတ်ကိုသာ အတည်ပြု၍ ယခင်ကတ်အပိုများအား ပယ်ဖျက်စာရင်း သွင်းပါမည်။

အပိုဒ်(၂)(ဃ) ပုံစံ ၆၆/၆ (အထစ) တစ်ခုထက်ပို၍ လက်ဝယ်ကိုင်ဆောင်ထားသူများသည် သက်ဆိုင်ရာ မြို့နယ်လဝကရုံးများသို့ အမြန်သွားရောက်သတင်းပို့ ဖြေရှင်းရမည်။ (ဥပမာ- ပုသိမ်တွင် အထစ ပြုလုပ်ထားသော်လည်း ရန်ကုန်တွင် အထစ ထပ်မံပြုလုပ်ထားရှိခြင်း)၊ (၁-၁၁-၂၀၂၂) ရက်နေ့အထိ ပုံစံ ၆၆/၆ (အထစ) အပိုများ အပ်နှံခြင်းမပြုပါက နောက်ဆုံး ထုတ်ယူထားသော ပုံစံ ၆၆/၆ (အထစ)ကိုသာ အတည်ပြု၍ ယခင်ပုံစံ ၆၆/၆ (အထစ) များအား ပယ်ဖျက်စာရင်းသွင်းပါမည်။

၃။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ e-ID Biographic Registration Software နည်းပညာဖြင့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် အခြားအသိအမှတ်ပြု ကတ်တစ်မျိုးမျိုးကိုင်ဆောင်သူ (၅၂)သန်းကျော်အား စာရင်းသွင်းပြီးဖြစ်သဖြင့် သတ်မှတ်ကာလ အတွင်း နိုင်ငံသားစိစစ်ရေးကတ်နှင့် အခြားအသိအမှတ်ပြုကတ်များ၊ ပုံစံ ၆၆/၆ အိမ်ထောင်စု လူဦးရေစာရင်းများ ကွဲလွဲခြင်း၊ အပိုကိုင်ဆောင်ခြင်းများအား နီးစပ်ရာမြို့နယ် လဝကရုံးများသို့ သွားရောက်ဖြေရှင်း ဆောင်ရွက်နိုင်ရန်နှင့် သတ်မှတ်ကာလကျော်လွန်ပါက ဥပဒေနှင့်အညီ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း အသိပေးကြေညာခဲ့ပါသည်။

၄။ အဆိုပါအသိပေးထုတ်ပြန်ချက်နှင့်ပတ်သက်၍ ၁-၁၁-၂၀၂၂ ရက်နေ့အထိ ဆောင်ရွက် နိုင်ကြောင်း ကြေညာထားသော်လည်း ပြည်သူများ၏ ပညာရေးအောင်လက်မှတ်၊ ဘွဲ့လက်မှတ်များ၊ ဘဏ်ငွေစာရင်းများနှင့် စီးပွားရေးလုပ်ငန်းများ၊ အိမ်၊ ခြံ၊ မြေပိုင်ဆိုင်မှုများ၊ တယ်လီဖုန်းစသည့် ဆက်သွယ်ရေးလုပ်ငန်းများနှင့် သက်ဆိုင်နေသဖြင့် ပိုမိုသိရှိလာရောက် ဆောင်ရွက်နိုင်ရေးအတွက် ရက်သတ္တ(၂)ပတ်တိုး၍ ၁၅-၁၁-၂၀၂၂ ရက်နေ့အထိ လာရောက်ဆောင်ရွက်နိုင်ရန် ထပ်မံအသိပေး ကြေညာအပ်ပါသည်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန

No comments:

Post a Comment