Thursday, October 27, 2022

ပြည်ထဲရေးဝန်ကြီးဌာနမိသားစုများက ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်း

နေပြည်တော် အောက်တိုဘာ ၂၆

ပြည်ထဲရေးဝန်ကြီးဌာန တပ်ဖွဲ့ဝင်/ ဝန်ထမ်း အရာထမ်း၊ အမှုထမ်းမိသားစုများက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများသို့ ဆွမ်းဆန်တော်နှင့် ဆန်ကြာဆံများ ဆက်ကပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်ရှိ ရွာသစ်ကြီး ကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ်ရှိ အုတ်ကန်တောရပရိယတ္တိစာသင်တိုက်၊ တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်ရှိ မြို့မယဉ်ငေးသာသနာ့ရိပ်သာကျောင်းတိုက်၊ မွန်ပြည်နယ် မော်လမြိုင်မြို့နယ်ရှိ ပဏ္ဍိတာရုံကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီးဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ သဒ္ဓမ္မဇောတိကာရကျောင်းတိုက်၊ ဒေါပုံမြို့နယ်ရှိ ပြဿဒ်ပရိယတ္တိစာသင်တိုက်နှင့် မြောက်ဥက္ကလာပမြို့နယ်ရှိ ခေမာသီဝံကျောင်းတိုက်တို့သို့ ဆွမ်းဆန်တော်များကိုလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး ပြည်ကြီးတံခွန် မြို့နယ်ရှိ သုဇနာရာမကမ္ဘာအေးကျောင်းတိုက်နှင့် အောင်မြေသာစံမြို့နယ်ရှိ ရတနာပုံကျောင်းတိုက်၊ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ်ရှိ သာသနာ့ဝန်ဆောင်ကျောင်းတိုက်နှင့် လားရှိုးမြို့နယ်ရှိ အောင်မင်္ဂလာနမ့်ဆန်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ်ရှိ ဥဿဟကျောင်းတိုက်တို့သို့ ဆန်ကြာဆံများကိုလည်းကောင်း ဆရာတော်၊ သံဃာတော်များအတွက် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment