Monday, October 31, 2022

ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ကျိုင်းတုံမြို့ရှိ အိမ်တွင်းမှုထုတ်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှု

 


ကျိုင်းတုံ အောက်တိုဘာ ၃၁

ရှမ်းပြည်နယ်အတွင်း MSME အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် အိမ်တွင်းမှုလုပ်ငန်းများ ဆောင်ရွက်နေမှုကို ယမန်နေ့ ညနေ(၃)နာရီခွဲက ကျိုင်းတုံမြို့၊ ကျိုင်းလန်(၂)လမ်းရှိ "ရှင်းရှင်း"ခေါက်ဆွဲ အိမ်တွင်းမှုလုပ်ငန်းအဆင့်ဆင့် ပြုလုပ်နေမှုကို ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုကြကြောင်းနှင့် အိမ်တွင်းမှုတစ်ပိုင်တစ်နိုင်ဝိုင်လုပ်ငန်း၊အာခါ စက်မှုလက်မှု ကုန်ထုတ်သမဝါယမ အသင်းလီမိတက်မှ အာခါတိုင်းရင်းသားရိုးရာအထည်များ ရောင်းချနေမှု တို့ကို ကြည့်ရှုကြသည်။

 




ဆက်လက်၍ ကျိုင်းတုံမြို့ လားဟူနှင့်အာခါ ကုမ္ပဏီလီမိတက်တို့မှ လက်ဖက်ခြောက်ထုတ်လုပ်နေမှုနှင့် လားဟူ တိုင်းရင်းသားရိုးရာအထည်များ၊ ဂျိန်ဖောရတနာ တန်(၁၀၀)ကျ ဆန်စက်တွင် ဒေသထွက်ရွှေရင်အေး (နွေစပါး)၊ မှော်ဘီ (မိုးစပါး) ကြိတ်ခွဲနေမှုနှင့်ရွှေစင် အဆင့်မြင့်တန်(၁၅၀)ကျ ဆန်စက်တို့ကို သွားရောက် ကြည့်ရှုကြသည်။

အဆိုပါ ရွှေစင်အဆင့်မြင့်တန်(၁၅၀)ကျ ဆန်စက်သည် စက်ပစ္စည်းများအဆင့်သင့်ရောက်ရှိနေပြီး မကြာခင် စက်ရုံလည်ပတ်၍ ဒေသထွက်စပါးများကို ကြိတ်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)

No comments:

Post a Comment