(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကို ယမနနေ့ နေ့လည်ပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့်ဇနီး ဒေါ်ကြည်ကြည်ထွန်း၊ အနောက်တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်း ဌာနချုပ်မှူး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအဆို၊ အက၊ အရေး၊ အတီး အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ဦးစွာ ဧရာဝတီတိုင်းဒေသကြီး၏ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုဆုရရှိသူများအား ဂုဏ်ပြုဆု ချီးမြှင့်ခြင်း အခမ်းအနားကျင်းပရေး နာယက၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက“ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲကို အဆင့်မီမီ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် (၂၂)ကြိမ် မြောက်ပြိုင်ပွဲထက် ပိုမိုအောင်မြင်စေရေး ရည်ရွယ်၍ မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများ အဆင့်ဆင့်ပြုလုပ်၍ အရည်အချင်းပြည့်ဝသည့် ပြိုင်ဝင်များရွေးချယ်၍ စနစ်တကျ စခန်းသွင်းလေ့ကျင့်ခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် အင်အားအပြည့်ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် အောင်မြင်မှုများ ရရှိစေရေး သက်ဆိုင်ရာကော်မတီများ၊ အုပ်ချုပ်သူများမှ ကြိုးစားဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုမိုအောင်မြင်စေရေး မျိုးဆက်သစ် အနုပညာများ၊ ရွက်ပုန်းသီးအနုပညာရှင်များ ရှာဖွေမွေးထုတ်ကြရမှာ ဖြစ်ပါကြောင်း၊ အခြေခံပညာမှစ၍ အဆင့်မြင့်ပညာ၊ ဝါသနာရှင်အဆင့်ဆင့်ရှိ အနုပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ရေး ဆောင်ရွက်ကြရန် လိုပါကြောင်း၊ ယခုကဲ့သို့ အောင်မြင်မှုများရရှိအောင် ကြိုးစားခဲ့ကြသည့် ပြိုင်ပွဲဝင်များ၊ အသင်းနည်းပြအုပ်ချုပ်သူများ၊ ပညာရှင်များနှင့် ကူညီဆောင်ရွက်ပေးကြသူများ အားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်းနှင့် နောင်နှစ်ပြိုင်ပွဲများတွင် ယခုထက်ပိုအောင်မြင်မှုများ ရရှိစေရေး၊ တိုင်းဒေသကြီးဂုဏ်ဆောင်နိုင်ရေး ဆက်လက်ကြိုးပမ်းဆောင်ရွက်ပေးကြရန်” ပြောကြားခဲ့သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်မှ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြုအသင်းမှ ဘာသာရပ်အလိုက် ပညာရှင်ကြီးများနှင့် အသင်းနည်းပြအုပ်ချုပ်သူများကို ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုချီးမြှင့်ငွေအားလည်းကောင်း၊ ပထမဆုရရှိခဲ့သူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဆုချီးမြှင့်ငွေများအား လည်းကောင်း၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ဇနီးမှ ပထမဆုနှင့်ဒုတိယဆု ရရှိခဲ့သူများအား လည်းကောင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များမှ ဒုတိယဆု၊ တတိယဆု၊ နှစ်သိမ့်ဆုရရှိသူများနှင့် အသင်းအုပ်ချုပ်နည်းပြများ၊ ပြိုင်ပွဲဝင်အသင်းသားများအား ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့်ခဲ့ကြပါသည်။ ယင်းနောက် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီး ကိုယ်စားပြု အသင်းတာဝန်ခံ တိုင်ရင်းသားရေးရာဝန်ကြီးမှ ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြဝန်ကြီးချုပ်နှင့် အဖွဲ့သည် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲတွင် ဆုရရှိခဲ့သူများမှ ပြန်လည်ဖျော်ဖြေ တင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့သည်။ ဧရာဝတီတိုင်းဒေသကြီး အနေဖြင့်(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲတွင် ပြိုင်ပွဲဝင် စုစုပေါင်း(၁၉၃)ဦးဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမဆု ၁၅ ဆု၊ ဒုတိယဆု ၁၈ ဆု၊ တတိယဆု ၁၅ ဆု၊ နှစ်သိမ့်ဆု ၉ ဆု စုစုပေါင်း ၅၇ ဆုနှင့်အထူးဆု ၁ ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)
No comments:
Post a Comment