နေပြည်တော် အောက်တိုဘာ ၂၁
AHA Centre မှတစ်ဆင့် လှူဒါန်းမည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီစီမံခန့်ခွဲရေး လုပ်ငန်းအဖွဲ့ (Task Force) ၏ အဖွဲ့ဝင်အချို့ပါဝင်သည့် ဒုတိယအကြိမ် ကြားဖြတ်လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသည်။
အဆိုပါ အစည်းအဝေးသို့ လုပ်ငန်းအဖွဲ့ဥက္ကဋ္ဌအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၁)ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် လုပ်ငန်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အစည်းအဝေး၌ ပထမအကြိမ်ကြားဖြတ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်များအပေါ် အကောင် အထည်ဖော်ဆောင်ရွက်ပြီးစီးမှုများကို ဆွေးနွေးခဲ့ကြပြီး အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံသို့ ပိုမိုကျယ်ပြန့်သော လူသားချင်းစာနာမှုအကူအညီများပေးအပ်နိုင်ရေး လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများကို ဆွေးနွေးခဲ့ကြသည်။ မြန်မာနိုင်ငံအနေဖြင့် လူသားချင်းစာနာမှုအကူအညီများပေးအပ်ရာတွင် ခွဲခြားမှုမရှိ စေရေးနှင့် မည်သူမျှ ချန်လှပ်ထားမှုမရှိစေရေးမူနှင့်အညီ ရှေ့ဆက်လုပ်ဆောင်မည့် အစီအစဉ်များ အကောင်အထည်ဖော်ဆောင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment