Sunday, August 21, 2022

sun Outage ဖြစ်စဉ်ကြောင့် ရုပ်သံထုတ်လွှင့်မှုများ မိနစ်ပိုင်းခန့် ပြတ်တောက်နိုင်

 

နေ၊ ဂြိုဟ်တုနှင့် TVRO(စလောင်း)တို့ တစ်တန်းတည်းကျရောက်ချိန်တွင် Sun Outage ဖြစ်ပေါ်ပြီး ယင်းသို့ဖြစ်ပေါ်ချိန်တွင် ဂြိုဟ်တုမှ ပေးပို့ထုတ်လွှင့်နေသော အရုပ်/အသံအချက်အလက်များ ခေတ္တယာယီပြတ်တောက်မှုများ ဖြစ်ပေါ်လေ့ရှိကြောင်း၊ Sun Outage ဖြစ်စဉ်မှာ နှစ်စဉ်ကြုံတွေ့ရလေ့ရှိသည့် သဘာဝဖြစ်စဉ်တစ်ခုဖြစ်ပြီး နှစ်စဉ် မတ်လတွင်(၁)ကြိမ်၊ စက်တင်ဘာလကုန်နှင့် အောက်တိုဘာလဆန်းတို့တွင် (၁)ကြိမ် ကြုံတွေ့ရလေ့ရှိကြောင်း၊ ၎င်းဖြစ်စဉ်သည် ထုတ်လွှင့်သည့် ဂြိုဟ်တု၊ ဖမ်းယူသည့် TVRO(စလောင်း) အရွယ်အစားနှင့် တည်နေရာတို့အပေါ်မူတည်၍ Sun Outage ဖြစ်သောအချိန်နှင့် Signal ပြတ်တောက်မှုကြာချိန်တို့ ကွာခြားမှုရှိကြောင်း၊ Sun Outage ဖြစ်စဉ်ကြောင့် Thaicom-6 ဂြိုဟ်တုကို အသုံးပြု၍ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်နေသော TV Channel များနှင့် ရေဒီယိုအစီအစဉ်များသည် ၂၆-၉-၂၀၂၂ ရက်နေ့မှ ၇-၁၀-၂၀၂၂ ရက်နေ့အထိ နေ့စဉ် ၁ မိနစ်မှ ၁၈ မိနစ်ခန့်အထိ Signal ပြတ်တောက်မှုဖြစ်ပေါ်နိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment