အထက်မင်းလှ ဩဂုတ် ၁
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်၊ လူမှုရေးရာဝန်ကြီးဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲပိုင်းက မင်းလှ မြို့နယ်တွင် အိမ်ထောင်စုလူဦးရေစာရင်းပုံစံ (၆၆/၆) များအား Software Program ဖြင့်ထည့်သွင်း ဆောင်ရွက် နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမသို့ရောက်ရှိပြီး လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများနှင့် ဌာနဆိုင်ရာကွန်ပျူတာကျွမ်းကျင်ဝန်ထမ်းများဖြင့် အိမ်ထောင်စုလူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်းနေမှု များကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် မြို့နယ်အတွင်းဆောင်ရွက်ပြီးစီးခဲ့ သော နိုင်-၄ ကိုယ်ရေးအချက်အလက်များကိုအခြေခံကာ အခြေခံမဲဆန္ဒရှင် စာရင်းပြုစုရာတွင်လည်းကောင်း၊ နိုင်ငံသားများ၏ကိုယ်ရေးအကြောင်းအရာများကို သိရှိလိုအပ်လျှင်သော် လည်းကောင်း တိကျမှန်ကန်သော အထောက်အထားများကို အမြန်ဆုံးသိရှိနိုင် ရေးတို့အတွက် အိမ်ထောင်စုလူဦးရေစာရင်း(၆၆/၆)ပုံစံများအား Software Program စနစ်ဖြင့် ထည့်သွင်း ရိုက်ကူးရခြင်းဖြစ်ကြောင်း၊ အိမ်ထောင်စုလူဦးရေစာရင်းပုံစံ ရေးသွင်းရာတွင် အချိန်မီပြီးစီးရေးနှင့်တိကျ မှန်ကန်စွာ စာရင်းရေးသွင်းဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
မင်းလှမြို့နယ်အတွင်း၌ အိမ်ထောင်စု(၂၈၃၅၃)စုရှိပြီး၊ ဇူလိုင်လ (၁၈) ရက်နေ့မှစတင်၍ အိမ်ထောင်စု လူဦးရေစာရင်း (၆၆/၆) ပုံစံများအား Software Program စနစ်ဖြင့် စာရင်းရေးသွင်းခဲ့ရာ ဇူလိုင် (၃၁)ရက်နေ့အထိ အိမ်ထောင်စု(၇၂၁၈)စုအား စာရင်းရေးသွင်းဆောင်ရွက်ပြီးဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မင်းလှမြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)


No comments:
Post a Comment