Sunday, August 21, 2022

ဥပဒေအသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ ပန္နက်တော်တင် မင်္ဂလာအခမ်းအနားကျင်းပ

 


နေပြည်တော် ဩဂုတ် ၂၁         

ဥပဒေအသိပညာပြန့်ပွားရေးဌာန Legal Advocacy Center သင်တန်းခန်းမဆောင်နှင့် အုပ်ချုပ်မှုဆိုင်ရာ အဆောက်အဦ RCC (၃)ထပ်ဆောင် ရတနာ ပန္နက်တော်တင်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက်(၈)နာရီတွင် နေပြည်တော် ဥတ္တရသီရိမြို့နယ် ဇဝန သိဒ္ဓိရပ်ကွက်ရှိ အဆိုပါအဆောက်အဦ ဆောက်လုပ်မည့်မြေနေရာ၌ ကျင်းပသည်။

အခမ်းအနားတွင် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်ထောင်စု ရှေ့နေချုပ် ဒေါက်တာသီတာဦး၊ ဒုတိယဝန်ကြီး ဒုတိယရှေ့နေချုပ် ဦးစန်းလွင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေနှင့် တာဝန်ရှိသူများက သတ်မှတ်နေရာ အသီးသီးတွင် ရတနာပန္နက်တော်တင်ပေးကြပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းကာ ရတနာ ရွှေမိုးငွေမိုးများ ရွာသွန်းဖြိုး၍ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

အဆိုပါ ဥပဒေအသိပညာပြန့်ပွားရေးဌာန ဆောက်လုပ်ပြီးစီးပါက ဥပဒေအသိပညာ ပြန့်ပွားရေးဆိုင်ရာ ကိစ္စရပ်များကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment