နေပြည်တော် ဩဂုတ် ၂၀
နယ်စပ်ဒေသအသီးသီးနှင့် အချို့သောတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွင်းသို့ရောက်ရှိနေသည့် CDM ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် လူငယ်၊ လူရွယ်များအား နယ်စပ်ကြိုဆိုရေးစခန်းအသီးသီးနှင့် နီးစပ်ရာတပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့စခန်းအသီးသီးသို့ဆက်သွယ်၍ ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်နိုင်ကြောင်းနှင့် ယင်းသို့သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းချက်များနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင် အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထုတ်ပြန်ထားရှိပြီး ဖြစ်ပါသည်။
ထိုသို့ သဘောထားထုတ်ပြန်ပြီးနောက်ပိုင်းတွင်
နိုင်ငံတော်၏ လူသားအရင်းအမြစ်များ မလိုလားအပ်ဘဲ ဆုံးရှုံးမှုမရှိစေရေးအတွက် တာဝန်မှကင်းကွာနေသော
အခြေခံပညာရေး ဝန်ထမ်းများကို ပြန်လည်ဖိတ်ခေါ်ရာတွင် ၃၁၅၆ ဦး၊ ရေးဖွင့်ထားသည့်အမှုများအား
ပိတ်သိမ်းရန် ဆက်သွယ်လာသူ ၁၀၀၉ ဦး၊ PDF အပါအဝင် အဖွဲ့အစည်းအမျိုးမျိုး အမည်ခံ၍ လက်နက်ကိုင်ဆန့်ကျင်သူများအနက်မှ
ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လာသူများ အား ပြန်လည်ဖိတ်ခေါ်ရာတွင် ၂၃၁ ဦး ပြန်လည်ဝင်ရောက်လာပြီးဖြစ်သည်။
အဆိုပါ ပြန်လည်ဝင်ရောက်လာသူများအား စနစ်တကျလက်ခံပေးခြင်း၊ မိဘရပ်ထံ ပြန်လည်အပ်နှံခြင်းများ ဆောင်ရွက်ပေးလျက်ရှိခြင်းတို့ကြောင့် ယခုအခါတွင် ပြန်လည်ဝင်ရောက်လာသူများနှင့်
ပြန်လည်ဝင်ရောက်လိုသူများ များပြားလျက်ရှိသည်ကို တွေ့ရှိရသည်။ သို့ဖြစ်ပါ၍ နိုင်ငံတော်အစိုးရအနေဖြင့်လည်း
ဥပဒေဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်လိုသူများအား ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံဆက်သွယ်ဆောင်ရွက်နိုင်ရေး
လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ ကျယ်ကျယ်ပြန့်ပြန့် ပိုမိုလက်ခံနိုင်ရေး
လုပ်ဆောင်ပေးလျက်ရှိရာ နိုင်ငံတော်အစိုးရအနေဖြင့် ဥပဒေဘောင်အတွင်း ပြန်လည်ဝင်ရောက်လိုသူများအား
နယ်စပ်ဒေသအသီးသီးတွင် ကြိုဆိုလက်ခံရေးစခန်းများ ဖွင့်လှစ်လက်ခံသကဲ့သို့ နီးစပ်ရာ မြို့နယ်များရှိ
မြို့နယ်ကြက်ခြေနီအသင်း၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊
မြို့နယ်လူမှုဝန်ထမ်းရုံးနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ
တရားဝင်အသိအမှတ်ပြုထားသည့် လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့အသီးသီးတို့သို့ ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်းနှင့်
ယင်းသို့ သတင်းပို့ဆက်သွယ်သူများကို သတ်မှတ်စည်းကမ်းများနှင့်အညီ နေ့စဉ်ပြည်သူ့ဘဝတွင်
အေးချမ်းစွာနေထိုင်နိုင်ရေး အာမခံချက်ပေးသွားမည်ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
သတင်းထုတ်ပြန်ရေးအဖွဲ့
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
No comments:
Post a Comment