နေပြည်တော် ဩဂုတ် ၅
ဘုတ်ပြင်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ ကွမ်းလုံမြို့နယ်နှင့် လွိုင်လင်မြို့နယ်တို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
သိမ်းဆည်းရမိ
ဖြစ်စဉ်မှာ တနင်္သာရီတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဩဂုတ် ၃ ရက် နံနက် ၁၀ နာရီ မိနစ် ၅၀ တွင်
ဘုတ်ပြင်းမြို့နယ် ရေငံကြီးကျေးရွာအုပ်စု ရေငံကြီးကျေးရွာနေ မဌေးမြင့်၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ
၎င်းနှင့်အတူ မောင်ဇော်(ခ) သန်းဇော်၊ သန်းမျိုးဦးတို့အားတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား
၄၃၀၀ ကိုလည်းကောင်း၊ ဩဂုတ် ၄ ရက် မွန်းလွဲ ၁၂ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက်တွင် ကောင်းထက်ဇော်(ခ)
ပြောင်ကြီးကို မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀
သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁ နာရီ ၃၅ မိနစ်တွင် လှစိုးအား ဗဟန်းမြို့နယ်
ရွှေနံ့သာရပ်ကွက်ရှိ ၎င်း၏နေအိမ်၌ စိတ်ကြွရူးသွပ်ဆေးပြား ၆၈၀၀ နှင့်လည်းကောင်း၊ မွန်းလွဲ
၂ နာရီခွဲတွင် စိတ်ကြွရူးသွပ်ဆေးပြားများ ရောင်းချပေးသူ မနီနီအုန်းအား ဗဟန်းမြို့နယ်
ရေတာရှည်ရပ်ကွက်ရှိ ၎င်း၏နေအိမ်၌လည်းကောင်း၊ အလားတူ ယင်းနေ့ ည ၉ နာရီ ၁၅ မိနစ်တွင်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ကွမ်းလုံမြို့နယ် တုံကျက်ကျေးရွာအုပ်စု တာပန်ချောက် ကျေးရွာနေ မအီးဆွေ၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ
စိတ်ကြွရူးသွပ်ဆေးပြား ၂၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ယင်းနေ့ ညနေ ၃ နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး
ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် လွိုင်လင်မြို့နယ် ပန်ဝိုးကျေးရွာအုပ်စု
ဟိုတင့်ကျေးရွာအနီး လွိုင်လင်-တောင်ကြီးသွားကားလမ်းတွင် ဝင်းနိုင်(ခ)ဟူစိန် မောင်းနှင်ပြီး
ထင်ပေါ် (ခ)စိုင်ဖော် လာလိုက်ပါလာသည့် Nissan AD VANယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ
စိတ်ကြွရူးသွပ်ဆေးပြား ၃၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်
စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment