နေပြည်တော် ဩဂုတ် ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနမှ ဝန်ထမ်းများနေထိုင်သော အိမ်ရာများနှင့်အဆောင်များကိုသွားရောက်၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးကြသည်။
ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇဗ္ဗူသီရိမြို့နယ်
မင်္ဂလာသိဒ္ဓိရပ်ကွက်၊ ဘောဂသိဒ္ဓိရပ်ကွက်၊ ဓနသိဒ္ဓိရပ်ကွက်နှင့် ပညာသိဒ္ဓိရပ်ကွက်တို့ရှိ
ဝန်ကြီးဌာနမှ အရာထမ်း၊ အမှုထမ်းများ နေထိုင် သည့် အိမ်ရာများ၊ လူပျိုနှင့် အပျိုဆောင်များကိုသွားရောက်၍
စုပေါင်းသန့်ရှင်းရေး ဆောင်ရွက် နေမှု၊ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးဆောင်ရွက်ထားရှိမှု၊
မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဆောင်ရွက်ထားရှိမှု၊ ရေနှင့် လျှပ်စစ်သုံးစွဲမှု၊ သီးပင်၊
စားပင်များ စိုက်ပျိုးထားရှိမှု၊ အမှိုက်များ စနစ်တကျစွန့်ပစ်နိုင်မှု၊ ခြင်နှင့်ပတ်သက်သောရောဂါများမှ
ကာကွယ်နိုင်ရန် ရေမြောင်းများရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်ထားမှုနှင့် အိမ်ရာနှင့်အဆောင်ပတ်ဝန်းကျင်လုံခြုံရေးဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။
လှည့်လည်ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက
ဝန်ထမ်းများ၏ လူမှုရေး၊ ကျန်းမာရေးနှင့် နေထိုင်ရေးဆိုင်ရာအခက်အခဲများကို မေးမြန်းပြီးအိမ်ရာ
စည်းကမ်းများကို လိုက်နာရန်၊ လုံခြုံရေးသတိထားရှိရန်နှင့် ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေးအတွက်
ဝိုင်းဝန်းဆောင်ရွက်ကြရန် မှာကြားခဲ့သည်။
သတင်းစဉ်

No comments:
Post a Comment