Sunday, August 21, 2022

တရားမဝင် သစ်မျိုးစုံ၊ စက်သုံးဆီ၊ ယာဉ်/ယန္တရားနှင့် လိုင်စင်မဲ့ဆိုင်ကယ်များ ဖမ်းဆီးရမိ

 

နေပြည်တော် သြဂုတ် ၂၀

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ သြဂုတ် ၁၈ ရက်တွင် မကွေးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ နတ်မောက်မြို့နယ် ဘုန်းတော်ပြည့်ကျေးရွာအနီး၌ Odyssey အမျိုးအစားလိုင်စင်မဲ့ မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀)ကို ပို့ကုန်သွင်းကုန်ဥပဒေအရ လည်းကောင်း၊ မင်းလှမြို့နယ် ရှမ်းတပ်ရဲစခန်းရှေ့၌ တရားမဝင် စက်သုံးဆီ ၃၅ ဂါလန် (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၇၅၀၀)ကို ရေနံနှင့်ရေနံထွက်ပစ္စည်းများဆိုင်ရာ ဥပဒေအရလည်း ကောင်း၊ ဆင်ပေါင်ဝဲမြို့နယ် အရှေ့ရိုးမကြိုးဝိုင်းအကွက်အမှတ်(၁၀)တွင် တရားမဝင်သစ်မျိုးစုံ ၁ ဒသမ ၆၅၂၈ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၆၉၆)ကို သစ်တောဥပဒေအရလည်းကောင်း စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၃၉၆၃၁၉၆)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အပြင် သြဂုတ် ၁၉ ရက်တွင် တနင်္သာရီတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဦးဆောင်သော စစ်ဆေးရေးအဖွဲ့က သရက်ချောင်းမြို့နယ် မြိတ်မြို့နယ်နှင့် ဘုတ်ပြင်းမြို့နယ် များအတွင်း လိုင်စင်မဲ့ဆိုင်ကယ်သုံးစီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၀၀၀၀၀)ကို ပို့ကုန် သွင်းကုန်ဥပဒေအရလည်းကောင်း၊ ရေဖြူမြို့နယ် မလွှဲတောင်စစ်ဆေးရေးဂိတ်၌ တာဝန်ကျပူးပေါင်းစစ်ဆေးရေးအဖွဲ့က လိုင်စင်မဲ့ဘက်ဟိုး/ ရိုဒါနှစ်မျိုးသုံး(ထွန်စက်ဘီး) ယန္တရားတစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀၀၀၀)ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေအရလည်းကောင်း စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၂၆၀၀၀၀၀)ကို ဖမ်းဆီးအရေးယူဆောင်ရွက်လျက်ရှိသည်။

အလားတူ စစ်ကိုင်းတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သောစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင် ရွက်ခဲ့ရာ ဟုမ္မလင်းမြို့နယ်အတွင်း Kanda အမျိုးအစား လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန်ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့အတူ သြဂုတ် ၂၀ ရက်တွင် ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တိုင်းဒေသကြီး သစ်တောဦးစီးဌာနဦးဆောင်သော စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရေတာရှည်မြို့နယ် ရိုးမကြိုးပြင်ကာကွယ် တောအတွင်း တရားမဝင်သစ်မျိုးစုံ ၂ ဒသမ ၀ ၂၀၀ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၄၀၆၈၈၀)ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်ပါ၍ သြဂုတ် ၁၈ ရက်၊ ၁၉ ရက် နှင့် ၂၀ရက်တို့တွင်ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲရှစ်မှု (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၇၁၂၀၀၇၆)ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။

သတင်းစဉ်

No comments:

Post a Comment