နေပြည်တော် ဇူလိုင် ၁၃
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းသည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းအဆင့်မြှင့် တင်ရေးစီမံကိန်း အဆင့်(၁)ဖြစ်သည့် ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေးစီမံကိန်း (ပြွန်တန်ဆာစီမံကိန်းရုံး)၊ စီမံကိန်းရထားလမ်းပိုင်းပြီးစီးမှု၊ တံတားတည်ဆောက်မှုနှင့် ရန်ကုန်ရှိ Rail Bus Engine -RBE စက်ရုံလုပ်ငန်းခွင်များကို ကြည့်ရှု့စစ်ဆေးသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့ရှိ ရန်ကုန်-တောင်ငူရထားလမ်းပိုင်း အဆင့်မြှင့်တင်ရေး
စီမံကိန်းအဆင့်(၁)၏ ပဲခူး-ညောင်လေးပင် လမ်းပိုင်း(CP-102)စီမံကိန်းရုံး၊ ရှင်းလင်းဆောင်သို့
ရောက်ရှိပြီး တာဝန်ရှိသူများကို ရထား လမ်းအဆင့်မြှင့်တင်ရေးစီမံကိန်းသည် ရင်းနှီးမြှုပ်နှံမှုကြီးမားသည့်အပြင်
အများပြည်သူ သယ်ယူပို့ဆောင်ရေး (Public Transportation)အဖြစ် အရေးပါသည့်အတွက် သတ်မှတ်ချိန်အတွင်းပြီးစီးအောင် ကြိုးပမ်းဆောင်ရွက်ရေးနှင့် သတ်မှတ်စံနှုန်းအတိုင်း အရည်အသွေးပြည့်မီ
ရေးတို့ကို အလေးအနက်ထား ဆောင်ရွက်ကြရန်လိုအပ်ကြောင်း၊ စီမံကိန်းလုပ်ငန်းများအလိုက်
သတ်မှတ်အချိန်ဇယားအတိုင်း ပြီးစီးနိုင်ရေးအတွက် ဌာနတာဝန်ရှိသူများအနေဖြင့် နိုင်ငံခြားသားကန်ထရိုက်တာ ကုမ္ပဏီများနှင့် လိုအပ်သလို စနစ်တကျ ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်သွားကြရန်ဖြစ်ကြောင်း
မှာကြားပြီး စီမံကိန်းတွင် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများကို အမှတ်တရလက်ဆောင်ပစ္စည်းများ
ပေးအပ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို
ဒိုက်ဦး-ဖောင်တော်သီ စီမံကိန်းလမ်းပိုင်း မိုင်တိုင် အမှတ်(၈၀/၆-၇)၌ တည်ဆောက်နေဆဲဖြစ်သည့်
တံတားအမှတ်(၁၁၁)၊ ပေ(၁၈၀)အရှည်ရှိ ကောလိယတံတားတည်ဆောက်ရေး လုပ်ငန်းခွင်၌ တာဝန်ရှိသူများက
လုပ်ငန်းပြီးစီးမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက တံတားတည်ဆောက်ရေး လုပ်ငန်းခွင်ကို
လှည့်လည်ကြည့်ရှုစစ်ဆေးပြီး စီမံကိန်းဝန်ထမ်းနှင့် ပစ္စည်းများ၏ လုံခြုံရေးနှင့် လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းရေး ဂရုစိုက်ရန်နှင့် လိုအပ်သည်များ မှာကြားကာ တင်ပြချက်များ အပေါ်
လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည်
ရန်ကုန်တိုင်း၊ ဒါးပိန်ဘူတာသို့ ရောက်ရှိပြီး ဒါးပိန်ဘူတာမှ ရန်ကုန်ဘူတာကြီးအထိ စီမံကိန်းလမ်းပိုင်းအတွင်း
ရထားလမ်းနှင့် တံတားများ တည်ဆောက်ပြီးစီးမှုကို ရထားဖြင့် လိုက်ပါစစ်ဆေးခဲ့ကာ ရထားလမ်း
ဘေးဝဲယာတစ်လျှောက် သန့်ရှင်းသာယာမှုရှိစေရေး၊ ဘူတာဆိုင်းဘုတ်များ သစ်လွင်တောက်ပမှုရှိစေရေး၊
လိုအပ်ပါက ဒေသအာဏာပိုင်အဖွဲ့အစည်းများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်
မှာကြားသည်။
ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်ဘူတာကြီးယာဒ်ဝင်းအတွင်းရှိ
Rail Bus Engine - RBE စက်ရုံသို့ရောက်ရှိရာ စက်ရုံတာဝန်ရှိသူများက RBE ရထားများ မွမ်းမံပြင်ဆင်ရေးလုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။ တင်ပြမှုနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက
ရထားတွဲများမွမ်းမံပြင်ဆင်မှုကို အရည်အသွေးမြင့်မားစေရေး၊ လုံခြုံစိတ်ချမှုရှိစေရေးလို
အပ်ချက်များကို မှာကြားဖြည့်ဆည်းပေးပြီး အရာထမ်း၊ အမှုထမ်းများကို အမှတ်တရ လက်ဆောင်ပစ္စည်းများ
ပေးအပ်သည်။ ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန် ဘူတာကြီးယာဒ်ဝင်း၌ မွမ်းမံပြင်ဆင်မှု
ဆောင်ရွက်နေသော ရထားတွဲဆိုင်းပေါ်သို့ တက်ရောက် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းပေးခဲ့ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment