နေပြည်တော် ဇူလိုင် ၁၃
နိုင်ငံရေးအစွန်းရောက် အကြမ်းဖက်အဖွဲ့များအနေဖြင့် နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန် ရည်ရွယ်၍ စစ်ရေးပစ်မှတ်မဟုတ်သည့် အပြစ်မဲ့ပြည်သူများနေထိုင်ရာ မြို့၊ ကျေးရွာများ အတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လမ်းမကြီးများပေါ်၌ မောင်းနှင်သွားလာနေသည့် မော်တော်ယာဉ်များအား မိုင်းဆွဲတိုက်ခိုက်ခြင်း၊ လမ်းတံတားများအား မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ဇူလိုင် ၁၂ ရက် နံနက် ၁၀ နာရီခန့်တွင်
မြစ်ကြီးနားမြို့မှ မန္တလေးမြို့သို့ ပြေးဆွဲသည့် ခရီးသည်တင်ယာဉ်သည် စစ်ကိုင်းတိုင်းဒေသကြီး၊
ကန့်ဘလူမြို့ နယ်၊ ဘောကျေးရွာ၏အထွက် ရွှေဘို-မြစ်ကြီးနားကားလမ်းဘေးရှိ ယာဉ်စစ်ဆေးရေးဂိတ်၌
စစ်ဆေးမှုခံယူနေစဉ် လမ်း၏ယာဘက် ၄ ပေခန့်အကွာမှ PDF အမည်ခံအကြမ်းဖက်အဖွဲ့က ထောင်ထားသည့်
လက်လုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် ယာဉ်ပေါ်ပါ ခရီးသည်ဖြစ်သည့်
မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်၊ ဆည်ကုန်းကျေးရွာနေ မစောဖြူဌေး(၂၆)နှစ် (ဘ)
ဦးသိန်းနိုင်တွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး
ခရီးသည် ၇ ဦးတို့တွင် မိုင်းစထိမှန်ဒဏ်ရာများရရှိခဲ့သဖြင့် ဆေးဝါးကုသနိုင် ရေး ရွှေဘိုမြို့နယ်ပြည်သူဆေးရုံသို့
ပို့ဆောင်ထားရှိကြောင်း သိရှိရသည်။
အလားတူ ယနေ့နံနက် ၁၀ နာရီခန့်တွင် တနင်္သာရီတိုင်းဒေသကြီး၊
မြိတ်မြို့မှ ထားဝယ်မြို့သို့ ဦးအောင်ကိုဦး (ဘ)ဦးအောင် မောင်းနှင်၍ခရီးသည် ၂၀ ဦး လိုက်ပါလာသည့်
ရွှေဝယ်မင်း ခရီးသည်တင်မော်တော်ယာဉ်အား ပုလောမြို့၏တောင်ဘက် မီတာ ၃၀၀၀ ခန့်အကွာ ထားဝယ်-မြိတ်
သွားကားလမ်း မိုင်တိုင်အမှတ်(၁၀၁/၁)နှင့် (၁၀၁/၂)အကြား၌ PDF အမည်ခံ အကြမ်းဖက်သမားများက
လက်လုပ်မိုင်း ၁ လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သဖြင့် ယာဉ်မောင်း အပါအဝင် ခရီးသည် ၄ ဦး
ထိခိုက်ဒဏ်ရာရရှိ၍ မော်တော်ယာဉ်ရှေ့ဝင်ပေါက်တံခါးမှန်များ မိုင်းစထိမှန်ပျက်စီးခဲ့ပြီး
ဒဏ်ရာရရှိသူများအား ပုလောမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ဆေးကုသမှုခံယူစေလျက်ရှိကြောင်း
သိရှိရသည်။
ထိုကဲ့သို့ စစ်ရေးပစ်မှတ်မဟုတ်သည့် လမ်းမကြီးပေါ်၌
သွားလာနေသည့် ခရီးသည်တင် မော်တော်ယာဉ်များကို လက်လုပ်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်မှု
ကျူးလွန်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက ဒေသခံပြည်သူများနှင့်ပူးပေါင်း၍ လိုအပ်သည်များ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:
Post a Comment