နေပြည်တော် ဇူလိုင် ၁၁
NUG အမည်ခံအကြမ်းဖက်အဖွဲ့နှင့် ၎င်း၏လက်အောက်ခံ PDF အမည်ခံအကြမ်းဖက်သမားများသည် အနာဂတ်လူငယ်များ၏ ပညာသင်ကြားသင်ယူခွင့်အခွင့်အလမ်းများပျက်ပြား၍ ပညာမဲ့လူတန်းစားများ ဖြစ်ပေါ်လာစေရန်နှင့် ၎င်းတို့ကို အကြောက်တရားဖြင့် ထောက်ခံအားပေးလာစေရန် ယုတ်မာရိုင်းစိုင်းသော ရည်ရွယ်ချက်များဖြင့် ကျောင်းသား၊ ဆရာ၊ မိဘများအား ခြိမ်းခြောက်အကြပ်ကိုင်ခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ အထောက်အကူပြု ပစ္စည်းများနှင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ ကျောင်းသုံးစာအုပ်များအား မီးရှို့ဖျက်ဆီးခြင်း၊ အတင်းအဓမ္မ လုယူခြင်း စသည့် နည်းလမ်းမျိုးစုံ အသုံးပြုကာ ပညာရေးကဏ္ဍမြင့်မားရေးကို နှောင့်ယှက်ဖျက်ဆီး လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၁၀ ရက် မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချင်းပြည်နယ်၊ ဟားခါးမြို့နယ်၊ ဈေးသစ်ရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းအား အကြမ်းဖက်သမားများက ကျောင်းဝင်း အတွင်းဝင်ရောက်၍ ကျောင်းဆောင်များနှင့် ကျောင်းဆောင် အတွင်းရှိ ပစ္စည်းများအား ဖျက်ဆီးခဲ့သဖြင့် ကျောင်းဆောင် ၅ ဆောင်ရှိ ပြတင်းပေါက်မှန် ၁၈၅ ချပ်၊ တံခါးမကြီး ၁ ခု၊ မေးခွန်းတိုက် ၁ လုံး၊ ကျောင်းအုပ် ကြီးရုံးခန်းရှိ မိတ္တူကူးစက် ၁ လုံး၊ CCTV ကင်မရာ ၂ လုံး၊ ဆိုဖာထိုင်ခုံ၊ စားပွဲ ၂ လုံး၊ စုစုပေါင်းတန်ဖိုးငွေ ၁,၆၀၇,၅၀၀ ကျပ်ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။
အလားတူ ညနေ ၅ နာရီ ၂၀ မိနစ်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော် ရပ်ကွက်ရှိ နိုင်ငံခြားဘာသာတက္ကသိုလ်၏ မြောက်ဘက်အပေါက်သို့ အကြမ်းဖက်သမားများက ဆိုင်ကယ် ၃ စီးဖြင့် မောင်းနှင်လာပြီး တက္ကသိုလ်ဝင်းအတွင်းသို့ လက်ပစ်ဗုံး ၂ လုံးဖြင့် ပစ်ပေါက်ထွက်ပြေးခဲ့ရာ လက်ပစ်ဗုံး ၁ လုံးမှာ ဝင်ပေါက်ရှေ့ရှိ ဂိတ်အနီးသို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် ဂိတ်မှန်ပြူ တင်းပေါက်မှန်များ ကွဲအက်ပျက်စီးခဲ့ပြီး ကျန် ၁ လုံးမှာ ပေါက်ကွဲမှုမရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖောက်ခွဲရှင်းလင်းခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိပြီး တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံးအနေဖြင့်လည်း ယခုကဲ့သို့ ယုတ်မာရိုင်းစိုင်းသည့်လုပ်ရပ်ကို ကျူးလွန်ခဲ့သည့်၊ ကျူးလွန်ရန် အားပေးလှုံ့ဆော်နေသည့် NUG၊ PDF အမည်ခံအကြမ်းဖက်အဖွဲ့များအပေါ် ဝိုင်းဝန်း ဆန့်ကျင်ကြရန်နှင့် အကြမ်းဖက်အဖွဲ့များ၏ လှုပ်ရှားမှု သတင်းများရရှိပါက လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့များထံ သတင်းပို့ခြင်းဖြင့် ပြည်သူ့လုံခြုံရေး၊ အနာဂတ်ရင်သွေးငယ်များ၏ လုံခြုံရေးကို ဝိုင်းဝန်းကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းထားကြောင်း သတင်းရရှိသည်။
No comments:
Post a Comment