Sunday, July 10, 2022

ပဲခူးတိုင်းဒေသကြီး၊‌ ကျောက်တံခါးမြို့နယ်၌ ဆေးကုသရန်သွားသည့် သားအမိ ၂ ဦး PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းအား နင်းမိပေါက်ကွဲ ခဲ့သဖြင့် ထိခိုက်ဒဏ်ရာများ ပြင်းထန်စွာရရှိ

 



နေပြည်တော် ဇူလိုင် ၁၀

ပဲခူးတိုင်းဒေသကြီး၊‌ ကျောက်တံခါးမြို့နယ်၌ ဇူလိုင်လ ၉ ရက်နေ့က ဆေးကုသရန် သွားသည့် သားအမိ ၂ ဦး PDF အမည်ခံအကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်း တစ်လုံးအား နင်းမိပေါက်ကွဲကာ ၄ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် မိခင်ဖြစ်သူတို့ ထိခိုက်ဒဏ်ရာ ပြင်းထန်ရရှိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ဇူလိုင်လ ၉ ရက်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်အချိန်တွင် ရွှေကျင်မြို့နယ်၊  ကျွန်းကြီးကျေးရွာနေ မချစ်သက်သက်အောင်(ခ) အငယ်မ (၂၆)နှစ်သည် ကျန်းမာရေးမကောင်းသည့် ၎င်း၏သားဖြစ်သူ မောင်အောင်ဆန်းလင်း (၄)နှစ်အား ကျောက်တံခါးမြို့နယ်၊ ကညင်ကျိုးကျေးရွာရှိ တိုက်နယ်ဆေးရုံသို့ သွားရောက်ဆေးကုသရန်အတွက် သွားရောက်စဉ် လှေတန်းကျွန်းကြီး ကျေးရွာကူးတို့ဆိပ် အနီးသို့ အရောက်၌ PDF အမည်ခံ အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် မောင်အောင်ဆန်းလင်း (၄)နှစ်တွင် ဝဲ/ယာခြေထောက် နှစ်ချောင်း ဒူးအောက်မှပြတ်ကာ၊ မိခင်ဖြစ်သူ မချစ်သက်သက်အောင်(ခ) မအငယ်မ၏မျက်နှာ၌ မိုင်းစထိမှန်ဒဏ်ရာများ အသီးသီးရရှိခဲ့သဖြင့် ကျောက်တံခါးမြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူလျက်ရှိ ကြောင်း သိရှိရသည်။

ထိုသို့ PDF အကြမ်းဖက်သမားများ ထောင်ထားသည့် လက်လုပ်နင်းမိုင်းပေါက်ကွဲ၍ ထိခိုက်ဒဏ်ရာရရှိခဲ့သူများအား ပဲခူးတိုင်းဒေသကြီး၊ ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများမှ လိုအပ်သော ကူညီထောက်ပံ့မှုများ ဖြည့်ဆည်းပေးကာ ပဲခူးမြို့ပြည်သူ့ဆေးရုံကြီးသို့ ပြောင်းရွှေ့ဆေးကုသမှု ပေးလျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအား ဖော်ထုတ်၍ ဥပဒေနှင့်အညီ အရေးယူနိုင်ရေး နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment