Tuesday, July 12, 2022

ဗန်းမော်မြို့နယ်နှင့် မြဝတီမြို့တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

 


နေပြည်တော် ဇူလိုင် ၁၁

ဗန်းမော်မြို့နယ်နှင့် မြဝတီမြို့တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီ မိနစ် ၂၀ တွင် ဗန်းမော်မြို့နယ် စီဟဲကျေးရွာအုပ်စု စီဟဲကျေးရွာအနီးတွင် လာလီမောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၇၆၀၅ ပြားနှင့် စိတ်ကြွဆေးပြားအကြေမှုန့် သုညဒသမ ၀၁၂ ကီလိုတို့ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ ညနေ ၄ နာရီ ၁၅ မိနစ်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်တွင် ဇော်နိုင်အောင်(ခ)ကျုံခွာနှင့် ကျော်သက်နိုင်ဦး (ခ)အိမ်ရှင်းတို့ကို Toyota Crown အမျိုးအစားမော်တော်ယာဉ်တစ်စီးနှင့်အတူ မသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့နှစ်ဦးထံမှ ကက်တမင်း သုညဒသမ ၀၈ ကီလို သိမ်းဆည်းရမိခဲ့ပြီး ညနေ ၅ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက် အာရှလမ်းမကြီးအနီးရှိ ဇော်နိုင်အောင်(ခ) ကျုံခွာတည်းခိုနေထိုင်သည့် ဟိုတယ်အခန်းအတွင်းသို့ ဝင်ရောက်ရှာဖွေရာ ကက်တမင်း သုညဒသမ ၀၄ ကီလို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း၊ ကွင်းဆက်အရ ညနေ ၆ နာရီတွင် မြဝတီမြို့ အမှတ်(၄)ရပ်ကွက်ရှိ မဇင်မာဦး(ခ)အိုက်တီ၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိုက်စ် ၁ ဒသမ ၇ ကီလို၊ ကက်တမင်း သုည ဒသမ ၄ ကီလိုနှင့် အက်တက်စီဆေးပြား ၃၆၀ တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။   

သတင်းစဉ်

No comments:

Post a Comment