ညောင်ရွှေ ဇူလိုင် ၈
ရှမ်းပြည်နယ် ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနှင့် တာဝန်ရှိသူများသည်ယမန်နေ့ နံနက်(၉)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောခရိုင်၊ ညောင်ရွှေ အကျဉ်းထောင်အား သွားရောက်ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးမှုတွင် ညောင်ရွှေ အကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးသိန်းအေးမှ ညောင်ရွှေအကျဉ်းထောင်၏ လုံခြုံရေး၊ စီမံရေး၊ ထောက်ပံ့ရေးနှင့်လုပ်ငန်းဆိုင်ရာကိစ္စရပ်များ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် ညောင်ရွှေအကျဉ်းထောင်ရှိ အမျိုးသားအဆောင်၊ စားဖိုဆောင်၊ ဆံသဆိုင်၊ စာကြည့်တိုက်ဆောင်၊ ထမင်းချက်ဆောင်၊ ကျန်းမာရေးစောင့် ရှောက်ပေးမှုနှင့် အမျိုးသမီးအဆောင်များ အား လှည့်ကြည့်ရှုစစ်ဆေးပြီး ညောင်ရွှေအကျဉ်းထောင် အတွက်ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ ညောင်ရွှေအကျဉ်းထောင်မှ ညွှန်ကြားရေးမှူးနှင့်လက်ထောက်ညွှန်ကြားရေးမှူးတို့မှ လက်ခံရယူသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲအား လှည့်လည်ကြည့်ရှုစစ်ဆေးပြီး အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်း၊ တောင်လေးလုံး တောင်ကြီးသို့ သွားရောက်ကြည့်ရှုစစ်ဆေးရာ အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်း ရဲမှူးကြီး ဗညားဦးမှ သင်တန်းကျောင်းနှင့် ပတ်သက်၍ ရှင်းလင်းပြီးအမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရေးအရာရှိ ဒုတိယရဲမှူး မျိုးဝင်းညွန့်မှ ဦးရေးထောက် တင်ပြချက်များ ရှင်းလင်း၍ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည့်များ ဖြည့်စွက်ပြောကြားပြီး အမှတ်(၄) ရဲလေ့ကျင့်ရေးကျောင်း တောင်လေးလုံးကျောင်းနှင့် အမှတ်(၂၆)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲအတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းစီကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ပေးအပ်ရာ အမှတ်(၄)ရဲလေ့ကျင့်ရေးကျောင်း ရဲမှူးကြီးဗညားဦးနှင့် အမှတ်(၂၆) လုံခြုံရေးရဲတပ်ဖွဲ့ခွဲ တပ်ရေးအရာရှိ ဒုတိယရဲမှူး မျိုးဝင်းညွန့်တို့မှ လက်ခံရယူကြောင်း သိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment