Monday, July 11, 2022

တပ်ကုန်းမြို့၌ အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲနှင့်စပါးမျိုးထောက်ပံ့ပေးအပ်ပွဲကျင်းပ

 

တပ်ကုန်း ဇူလိုင် ၁၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ် ရှားတောကျေးရွာအုပ်စု၊ ရှားတောကျေးရွာတွင် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေရန်  နေပြည်တော် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက  ကြီးမှူးဖွင့်လှစ်သည့်  အသက် မွေးဝမ်းကျောင်းအထောက်အကူပြု အဆင့်မြင့် အပ်ချုပ်စက်သက်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက အဆိုပါကျေးရွာ၊ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ(KC) ခန်းမတွင် ကျင်းပသည်။

 



သင်တန်းဆင်းပွဲတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းက သင်တန်းမှ သင်ကြား တတ်မြောက်လာသည့် အိမ်တွင်းမှုအတတ်ပညာများနှင့် မိသားစုဝင်ငွေရရှိရေး၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်းဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်း တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် သင်တန်းသားများကို ရှင်းလင်းပြောကြားပြီးနောက် ဦးဇေယျာလင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမျိုးမျိုး၊​ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် တာဝန်ရှိသူများက သင်တန်းတွင် ပထမ၊ ဒုတိယ၊ တတိယ ထူးချွန်သင်တန်းသားများနှင့် သင်တန်းသားများအား ဆုနှင့်သင်တန်းဆင်းဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ပြီး၊ သင်တန်းသားများ ချုပ်လုပ်ထားသည့် အင်္ကျီဒီဇိုင်းများအား ကြည့်ရှု့အားပေးခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်းနှင့်တာဝန်ရှိသူများသည် ရှားတော ကျေးရွာအုပ်စု၊ SMART Village ခေတ်မီစံပြဂွေးပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် အဆင့် မြင့်လယ်ယာစနစ်(၁၀၃)ဧက၊ စပါးစိုက်တောင်သူများနှင့်တွေ့ဆုံ၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်  ဦးဇေယျာလင်းက ဒေသခံပြည်သူများ နိုင်ငံတော်မှ ဆောင်ရွက်ပေးသည့်လုပ်ငန်းများကို ညီညွတ်စွာ ဝိုင်းဝန်းကူညီဆောင်ရွက်ရန် ရှင်းလင်းပြောကြား၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်က ၂၀၂၂-၂၀၂၃ခုနှစ် မျိုးစပါး များထောက်ပံ့ပေးအပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးဇေယျာလင်း၊ ဒုတိယတိုင်းဦးစီးမှူး ဦးစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးနှင့် အဖွဲ့ဝင်(၁) ဗိုလ်မှူးနိုင်လင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဦးထွန်းညွန့်နှင့် တာဝန်ရှိသူများက စီးပွားဖြစ်မျိုးသန့်၊မျိုးစေ့များအား တောင်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများသည် ကွင်းအမှတ်၊ ၂၀၄၃ကွင်း၊ တောင်သူဦးကြည်လှိုင်၏ စိုက်ပျိုးထားသည့် ရေဆင်းစပ်မျိုးနေကြာခင်း အောင်မြင်နေမှုများအား ကြည့်ရှု့ခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းညွန့်က နေကြာစိုက်ပျိုးမှုအား ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။

တင်စိုးလွင်(ပြန်/ဆက်)

No comments:

Post a Comment