Tuesday, July 12, 2022

ရွှေဘိုမြို့ မဟာနန္ဒာကန်တော် သဘာဝရေပြင်အတွင်း ငါးသားပေါက်ကောင်ရေ သုံးသိန်းခွဲ ငါးမျိုးများစိုက်ထည့်

နေပြည်တော် ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန၏ကြီးကြပ်မှုဖြင့် ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝရေပြင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာများပေါများစွာ စားသုံးနိုင်ရေးအတွက် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့ မဟာနန္ဒာကန်တော် သဘာဝရေပြင်၌ ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ဇူလိုင် ၁၁ ရက်က ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးဦး၊ ခရိုင်အဆင့် ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ဝင်းနှင့် ဌာနဆိုင်ရာများ၊ တာဝန်ရှိသူများ၊ မေဂွန်ကျေးရွာ ကျေးရွာအခြေပြု ရေလုပ်သားအစုအဖွဲ့မှ ရေလုပ်သားများ၊ ရွှေဘိုခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ရွှေဘိုငါးလုပ်ငန်းစခန်း တာဝန်ခံနှင့် ဝန်ထမ်းများ၊ ရေဦးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများတက်ရောက်ကြပြီး ရွှေဘိုငါးလုပ်ငန်းစခန်းမှ ထုတ်လုပ်သော နှစ်လက်မ အရွယ် ငါးမျိုးများဖြစ်သည့် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၂၀၀၀၀၀၊ ငါးခုံးမကြီးသား ပေါက်ကောင်ရေ ၈၀၀၀၀၊ ရွှေဝါငါးကြင်း သားပေါက်ကောင်ရေ ၇၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃၅၀၀၀၀အား မဟာနန္ဒာကန်တော် သဘာဝရေပြင်အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment