Tuesday, July 12, 2022

ဂျူဒိုဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

 


နေပြည်တော် ဇူလိုင် ၁၁

အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် မြန်မာနိုင်ငံဂျူဒိုအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သည့် ဂျူဒိုဒိုင်လူကြီးနှင့် နည်းပြမွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၂) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ ကျင်းပသည်။

ရှေးဦးစွာ သင်တန်းနည်းပြဆရာများနှင့် သင်တန်းသား သင်တန်းသူများက တစ်ဦးချင်း ဂါရဝပြု မိတ်ဆက်ကြသည်။

လေ့ကျင့်ဆောင်ရွက်

ထို့နောက် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမျိုးလှိုင်ကသင်တန်းမှ မိမိတို့ သင်ကြားတတ်မြောက်ခဲ့သည်များကို လက်ဆင့်ကမ်း ပြန်လည်သင်ကြားပေးခြင်းဖြင့် အားကစားသမားများ၏ အားကစားအရည်အသွေး တိုးတက်မြင့်မားလာမည်ဖြစ်ပြီး ထူးချွန်ထက်မြက်၍ အရည်အချင်းရှိသော လူငယ်မျိုးဆက်သစ် အားကစားသမားများ မွေးထုတ်နိုင်မည်ဖြစ်ကြောင်း၊ ဂျူဒိုအားကစား နည်းဖြင့် ရှေ့လာမည့်နိုင်ငံတကာ အားကစားပြိုင်ပွဲများနှင့် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲများတွင် နိုင်ငံ့ဂုဏ်ကို မြှင့်တင်နိုင်စေရန် နည်းပြများအနေဖြင့် မိမိတို့ကျရာအခန်းကဏ္ဍမှ တာဝန်ကျေပွန်စွာဖြင့် ဆတက်ထမ်းပိုး ဆက်လက် ကြိုးပမ်းလေ့ကျင့်ဆောင်ရွက်သွားကြရန် ပြောကြားသည်။

အဆိုပါသင်တန်းရှိ သင်တန်းသား ၃၅ ဦး၊ သင်တန်းသူ ၁၀ ဦးကို ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ KODOKAN JUDO INSTITUTE နည်းပြသင်တန်းများ တက်ရောက်အောင်မြင်ထားသည့် နည်းပြဆရာများက ဇူလိုင် ၁၁ရက်မှ ၂၂ ရက်အထိ နေပြည်တော် အားကစားလေ့ကျင့်ရေးစခန်း (Gold Camp)ရှိ Multipurpose Hall ၌ သင်ကြားပို့ချပေးသွားမည်ဖြစ်သည်။

ယင်းနောက် ဒုတိယဝန်ကြီးနှင့်တာဝန်ရှိသူများသည် ဝဏ္ဏသိဒ္ဓိအားကစားကွင်း (B)ရုံ၌ ကျင်းပလျက်ရှိသော ၂၀၂၂ခုနှစ် ဝန်ကြီးဌာနပေါင်းစုံ (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဆက်လက် ယှဉ်ပြိုင်ကစားနေမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment