Tuesday, July 12, 2022

အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးများသားဖောက်နည်းပညာသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဖွင့်လှစ်

  


ရန်ကုန် ဇူလိုင် ၁၁

ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနနှင့် ဒဂုံတက္ကသိုလ်တို့ ပူးပေါင်းပြီး သတ္တဗေဒဌာနမှ ကျောင်းသား ကျောင်းသူများအနေဖြင့် အခြေခံငါးမွေးမြူရေး၊ ငါးဆေးထိုးသားဖောက်ခြင်း နည်းပညာလေ့လာ သင်ယူနိုင်ခြင်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ်များကို စာတွေ့လက်တွေ့ လေ့လာသင်ယူ နိုင်ခြင်းဖြင့် ငါးလုပ်ငန်းကဏ္ဍ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးတွင် အထောက်အကူဖြစ်စေရန်နှင့် လူ့စွမ်းအားအရင်း အမြစ်များဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ အခြေခံ ငါးမွေးမြူရေးနှင့် ရေချိုငါးများသားဖောက်နည်း ပညာသင်တန်းနှင့် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၁၁ ရက်က ဒဂုံတက္ကသိုလ်ခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ သာထွန်းမောင်က အမှာစကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြင့်ရွှေက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များရှင်းလင်း ပြောကြားသည်။ ယင်းနောက် သတ္တဗေဒပါမောက္ခ (ဌာနမှူး) ဒေါက်တာ ငြိမ်းငြိမ်းလှိုင်က သင်တန်း ဖွင့်လှစ်နိုင်ရေးအတွက် ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ သင်တန်းသို့ ဒဂုံတက္ကသိုလ် သတ္တဗေဒဌာနမှ ကျောင်းသားကျောင်းသူ ၄၅ ဦး တက်ရောက်ကြပြီး သင်တန်းကာလ ငါးရက်ကြာမြင့်မည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment