နေပြည်တော် ဇူလိုင် ၆
ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ဖျော်ဖြေရေး အစီအစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ Friday Night Show ဆန်းသစ်တင်ဆက်မှုအဖြစ် နိုင်ငံကျော် အဆိုတော်ကြီး မြန်မာပြည်သိန်းတန်ရဲ့ “သီချင်းဒိုင်ယာရီ” တေးဂီတ ဖျော်ဖြေပွဲကို ဇူလိုင် ၈ ရက်၊ သောကြာနေ့ ည ၈ နာရီ သတင်းအပြီးတွင် မြန်မာ့အသံနှင့် ရုပ်မြင်သံကြား၏ MRTV-HD Channel မှ ထုတ်လွှင့်ပြသမည် ဖြစ်သည်။
ယင်းအစီအစဉ်တွင် မြန်မာ ပြည်သိန်းတန်နှင့်အတူ မျိုးဆက်သစ် တေးသံရှင်များဖြစ်ကြသည့် စောဒယ်နီရယ်၊ ချိုမီမီဇော်နှင့် အိအိလှိုင်တို့က ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်ပြီး မြန်မာ့အသံတေးဂီတ အဖွဲ့က တီးခတ်ပေးမည်ဖြစ်သည်။
ထိုသို့ တင်ဆက်မှုကို ဇူလိုင် ၁၀ရက်၊ တနင်္ဂနွေနေ့ နံနက် ၁၀ နာရီခွဲတွင် ဒုတိယအကြိမ် ထပ်မံထုတ်လွှင့် ပြသမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment