နေပြည်တော် ဇူလိုင် ၈
လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ်(၃)နှင့် အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်းအမှတ်စဉ် (၃) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် လျှပ်စစ်စွမ်းအားဝန်ကြီးဌာန နေပြည်တော် ဗဟိုသင်တန်းကျောင်း၌ ကိုဗစ်-၁၉ ကာကွယ်ရေးနည်းစနစ်များနှင့်အညီ ကျင်းပသည်။
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က သင်တန်းသားများအနေဖြင့် အင်ဂျင်နီယာဆိုင်ရာ စာပေပညာရပ်များကို တတ်ကျွမ်းနားလည်စေရန် အမြဲလေ့လာကြရမည်ဖြစ်ကြောင်း၊ ဝန်ထမ်းများ အသိဉာဏ်ပညာ၊ ဆင်ခြင်တုံတရားမြင့်မားလာပြီး အင်ဂျင်နီယာပညာ အမှန်တကယ်တတ်ကျွမ်းသည့် ဝန်ထမ်းများ ပေါ်ထွက်လာစေရန်အတွက် သင်တန်းများပို့ချပေးရခြင်းဖြစ်ပါကြောင်း၊ ဝန်ထမ်းစီမံခန့်ခွဲရေး၊ စာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်တတ်စေရန်နှင့် AMI စနစ်ကို Energy Meter, Server , Data Base နှင့်ဆက်သွယ်ရေး နည်းပညာပေါင်းစပ်ပြီး ခေတ်မီသည့် မီတာဖတ်ရှုမှု စနစ်၊ ဓာတ်အား ကွပ်ကဲ/ထိန်းသိမ်း/ မောင်းနှင်စနစ်တို့ဖြင့် မိမိတို့ဝန်ကြီးဌာန ဖွံ့ဖြိုးတိုးတက်စေရေး၊ လျှပ်စစ်ဓာတ်အား စဉ်ဆက်မပြတ်ရရှိရေး၊ Losses ကျဆင်းရေး၊ ဓာတ်အားဖြန့်ဖြူးသည့် Voltage တည်ငြိမ်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်ကဏ္ဍသည်အဓိက အခန်းကဏ္ဍတွင် ပါဝင်ကြောင်း၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်၊ ပို့လွှတ်၊ ဖြန့်ဖြူးရောင်းချမှုစနစ် ဖွံ့ဖြိုးတိုးတက်လာစေရန်အတွက် သင်တန်းသားများအနေဖြင့် အကောင်းဆုံးဖြစ်အောင် ကြိုးစားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်က ဓာတ်အားခွဲရုံများ တည်ဆောက်/မောင်းနှင်/ ထိန်းသိမ်းပြုပြင်ခြင်း သင်တန်းအမှတ်စဉ် (၃) တွင် ထူးချွန်ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျက အင်ဂျင်နီယာများ စီမံခန့်ခွဲရေးသင်တန်း အမှတ်စဉ်(၃)တွင် ထူးချွန်ဆုရရှိသူများ ကိုလည်းကောင်း ဆုများပေးအပ်ချီးမြှင့်ကြပြီး ညွှန်ကြားရေးမှူးချုပ်နှင့် ဦးဆောင်ညွှန်ကြားရေးမှူးတို့က သင်တန်းဆင်းလက်မှတ်များကို သင်တန်းသားများထံ ပေးအပ်ကာ သင်တန်းသားသင်တန်းသူများကို ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment