Friday, July 8, 2022

လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်း အခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၈

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး နေပြည်တော်သင်တန်းကျောင်း၌ ဖွင့်လှစ်သည့် လက်ထောက်စာရင်းစစ်မှူးများ လုပ်ငန်းခွင်ဝင်ကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၂/၂၀၂၂) သင်တန်းဆင်းအခမ်းအနားကို ယနေ့မွန်းလွဲပိုင်းတွင် ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး (နေပြည်တော်) စုပေါင်းခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာကံဇော်က စာရင်းစစ်ဆေးခြင်းသည် စာရင်းစစ်ဆေးခြင်းဆိုင်ရာ အတတ်ပညာများကို လေ့လာသင်ယူပြီး ဆောင်ရွက်ရသော ပညာရပ်ဆိုင်ရာ လုပ်ငန်းစဉ်တစ်ခုဖြစ်သဖြင့် Professional တစ်ဦးတွင် ရှိသင့်ရှိထိုက်သည့် စစ်ဆေးရေးဆိုင်ရာ အရည်အသွေးများ ပြည့်ဝနေစေရန် လိုအပ်သကဲ့သို့ စစ်ဆေးသူနှင့်  ဌာန၊အဖွဲ့အစည်းများအကြား ကောင်းမွန်သောဆက်ဆံရေးဖြင့် ဆက်သွယ်ဆောင်ရွက်တတ်ရန် လိုအပ်ကြောင်း၊ စစ်ဆေးရေးလုပ်ငန်းသည် အဖွဲ့ဖြင့်ဆောင်ရွက်ရသည့်လုပ်ငန်းဖြစ်၍ စစ်ဆေးရေးရည်မှန်းချက်များရရှိရန် ခေါင်းဆောင်မှုကို နားလည်သဘောပေါက်ပြီး လိုက်ပါဆောင်ရွက်တတ်ရန်လိုအပ်ကြောင်း။

ပြည်သူ့ဘဏ္ဍာရန်ပုံငွေကို စစ်ဆေးဆောင်ရွက်ရသည့် နိုင်ငံ့ဝန်ထမ်းစာရင်းစစ်များအနေဖြင့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ဘဏ္ဍာရေးစည်းမျဉ်းများနှင့် စာရင်းစစ်၊ စာရင်းကိုင်စံများကို သိရှိနားလည်ပြီး ကျင့်ဝတ်သိက္ခာများနှင့်အညီ လိုက်နာဆောင်ရွက်ရန်အရေးကြီးကြောင်း မှာကြားသည်။

အဆိုပါသင်တန်းသို့ ရုံးချုပ်မှ သင်တန်းသား ၂ ဦး၊ ပြည်ထောင်စုနယ်မြေမှ သင်တန်းသား ၁ ဦး၊ တိုင်းဒေသကြီး/ပြည်နယ်မှ သင်တန်းသား ၃၇ ဦး၊ စုစုပေါင်းဝန်ထမ်းသစ် သင်တန်းသား ၄၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment