၁။ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနသည် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူများ၊ လုပ်ငန်းရှင်များ အဆင်ပြေချောမွေ့စွာ မိမိနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် Online e-Visa (Business) လျှောက်ထားမှုလုပ်ငန်းစဉ်အား (၁-၄-၂၀၂၂) ရက်နေ့မှစ၍ ပြန်လည်စတင် ဆောင်ရွက်ခဲ့သည့်အပြင် နိုင်ငံတော်မှလည်း နိုင်ငံတကာ လေကြောင်းလိုင်းခရီးစဉ်များအား ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေးသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ပြေးဆွဲခွင့် ပြုခဲ့သဖြင့် ယခုအခါ နိုင်ငံခြားသားခရီးသွားများ တိုးတက်ဝင်ရောက်လျက် ရှိနေပြီဖြစ်ပါသည်။
၂။ အလားတူ နိုင်ငံတော်၏ ခရီးသွားလုပ်ငန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းတွင်
အိမ်နီးချင်းနိုင်ငံများနှင့် ဟန်ချက်ညီ ဆောင်ရွက်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် e-Visa (Tourist) အမျိုးအစား
လျှောက်ထားမှုများအား (၂၀-၅-၂၀၂၂) ရက်နေ့မှစ၍ တိုးမြှင့်ခွင့်ပြု ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။
၃။ Online e-Visa (Tourist) လျှောက်ထားရန်
လိုအပ်သည့် သတ်မှတ်ချက်များအား မိမိဝန်ကြီးဌာန၏ Website လိပ်စာ https://evisa.moip.gov.mm တွင်
ဝင်ရောက်ကြည့်ရှုလေ့လာ၍ လျှောက်ထားနိုင်ပြီဖြစ်ပါကြောင်း အသိပေးကြေညာ အပ်ပါသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန
No comments:
Post a Comment