နေပြည်တော် မေ ၆
ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် (၁၈)ရပ်ကွက်နေ ဖြိုးမင်းထွန်း(ခ) ကိုဖြိုး(ဘ) ဦးဇော်မင်းထွန်း၊ ကိုလတ်နှင့် ဖိုးသားတို့ သုံးဦးသည် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီ ၁၉ ရက်အတွင်းအဆိုပါ မြို့နယ်အတွင်း၌ ပြုလုပ်သော ဆူပူဆန္ဒပြမှုများတွင် ပါဝင်ခြင်း၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၏ အမိန့် ကြော်ငြာစာအမှတ် (၂/၂၀၂၁)ဖြင့်အကြမ်းဖက် အုပ်စုများ အဖြစ် သတ်မှတ် ကြေညာထားသည့် အဖွဲ့အစည်းများနှင့် ဆက်သွယ်ခြင်း၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့နယ်မြေအတွင်း သင်တန်းတက်ရောက်ခြင်း၊ လက်နက်၊ ခဲယမ်းများသို ဝှက်သိမ်းဆည်းခြင်း၊ ၂၀၂၁ ခုနှစ်၊ဒီဇင်ဘာ ၁၉ ရက်တွင် အမှတ်(၉)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးဟောင်း တစ်ဦးအား ဒလန်အဖြစ်စွပ်စွဲလုပ်ကြံ သတ်ဖြတ်ရာတွင် အားပေးကူညီခြင်းနှင့် အမှတ်(၁၈)ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံးအား လက်ပစ်ဗုံး ဖြင့်ပစ်ခတ်ပြီး ရုံးအဖွဲ့ဝင်များအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ပါဝင်ခြင်းတို့ကြောင့်စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ-၅၄ အရ ၂၀၂၂ ခုနှစ်၊မေ၅ရက်တွင် “သေဒဏ်” အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
ထောင်ဒဏ်တစ်သက်
ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်မြောက်ပိုင်း မြို့နယ်၊ (၄၁)ရပ်ကွက်နေ ဇော်ဇော်ထွန်း (ခ)ဇော်ကြီး (ဘ) ဦးမော်ဇင်နှင့်(၃၂)ရပ်ကွက်နေ မင်းစစ်သွေး(ခ) ICE(ဘ) ဦးမြင့်ဦး တို့သည် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၁၁ ရက်တွင် သမိုင်းလမ်းဆုံ City Mart အနီးရှိ ယာဉ်ထိန်းရုံးအား မိုင်းထောင်ဖောက်ခွဲရာ၌ အားပေးကူညီခြင်း ကြောင့် စစ်အုပ်ချုပ်ရေး (Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(ဈ) အရ ၂၀၂၂ ခုနှစ်၊ မေ ၅ ရက်တွင် “ထောင်ဒဏ်တစ်သက်” ပြစ်ဒဏ် အမိန့်ချမှတ်လိုက်ကြောင်း သိရှိရသည်။
အဆိုပါ ပြစ်ဒဏ်ချမှတ်ခံရသူများအနက်မှ ထွက်ပြေးလွတ်မြောက်နေသူများအား ၎င်းနှင့် စပ်လျဉ်း၍ ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်း ထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်း သိရှိရသည်။
အရေးယူဆောင်ရွက်
စစ်အုပ်ချုပ်ရေး အမိန့်ထုတ် ပြန်ကြေညာထားသည့် မြို့နယ်များအတွင်း စစ်ခုံရုံးဖြင့် စစ်ဆေးမည့်ပြစ်မှုဆိုင်ရာ ၂၃မျိုးကိုလည်း ပူးတွဲထုတ်ပြန်ထားကြောင်းနှင့် အဆိုပါပြစ်မှုများကို ဖောက်ဖျက် ကျူးလွန်ပါကစစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုများ ဆောင်ရွက်ကာ ထိထိရောက်ရောက် မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment