Friday, May 6, 2022

ပဲခူးမြို့၌ (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကျင်းပ

 

ပဲခူး မေ ၅

(၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ပဲခူးမြို့ မြို့တော်ခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာ စကားပြောကြားသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က၂၀၂၂ ခုနှစ် စွမ်းရည်သတ္တိဆိုင်ရာ ရဲဗလဆုတံဆိပ်ရရှိသူ၊ တိုင်းဒေသကြီးအဆင့် မီးသတ်ကျင့်ဝတ်ပြိုင်ပွဲတွင်ပထမဆုရရှိသူများနှင့် စံပြမီးသတ်စခန်းဆုရရှိ သည့် ကဝမြို့နယ်မီးသတ်စခန်းတို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ်ကဗဟိုအဆင့်အမြန်လမ်း စံပြမီးသတ် စခန်းဒုတိယဆုနှင့် ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိသူ တို့ကိုလည်းကောင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက လုပ်သက် ၂၅ နှစ်အထက် အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့် ၂၀၂၁ခုနှစ်အတွင်း မီးလောင်မှု တန်ဖိုးအနည်း ဆုံးခရိုင်တို့ကိုလည်းကောင်း၊ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးက မီးသတ်စက်ကလေးပြိုင်ပွဲတွင် ဆုရရှိသောခရိုင်နှင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းများတွင်တက်ကြွစွာပါဝင် ဆောင်ရွက်ခဲ့ကြသည့် ပဲခူးမြို့နယ်အရန် မီးသတ်တပ်ဖွဲ့ ဝင်များအားလည်းကောင်း ဂုဏ်ပြုလက်မှတ်များနှင့် ဆုများ ပေးအပ်ချီးမြှင့်ကြသည်။

ယင်းနောက် မီးသတ်တပ်ဖွဲ့ဝင်များ ကဂတ်(စ်)မီးလောင်မှု၊ ဆီမီးလောင်မှုနှင့် မော်တော်ယာဉ် မတော်တဆမှုဖြစ်စဉ်များတွင် မီးငြှိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်မှု၊ Hydraulic Platform & Vehi-cle Heavy Lifting Vehicle နှင့် ခေတ်မီမီးငြှိမ်း သတ်ရေးကိရိယာများ အသုံးပြုပြီး မီးငြှိမ်းသတ် ရေးနှင့် ရှာဖွေကယ်ဆယ်ရေးတို့ကိုသရုပ်ပြသ ကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးကြပြီး မီးသတ်သရုပ်ပြသသည့်တပ်ဖွဲ့ဝင်များအား ဂုဏ်ပြု ထောက်ပံ့ ငွေကျပ် ၁၀ သိန်းနှင့် မီးသတ်တပ် ဖွဲ့ဝင်များနည်းတူအထပ်မြင့်ရှာဖွေ ကယ်ဆယ်ရေး သရုပ်ပြသမှုတွင် ပါဝင်ခဲ့သည့် တတိယတန်းကျောင်းသား မောင်သက်နိုင်ထူးတို့အား ဂုဏ်ပြုငွေကျပ် ငါးသောင်း ထောက်ပံ့ပေးအပ်ကာ မီးငြှိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေး အထောက်အကူပြုပစ္စည်း ခင်းကျင်းပြသထားရှိမှုများကို ကြည့်ရှုကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment