ပြည် မေ ၁၀
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ပြည်တက္ကသိုလ်ဘက်စုံသုံးခန်းမ၌ သရုပ်ပြ/နည်းပြအသစ်ခန့်အပ်ထားသည့် ဆရာ၊ ဆရာမများအား တွေ့ဆုံအားပေးစကားပြောကြားပြီး ဖောင်ကြီးသင်တန်းသို့ တက်ရောက်ရမည့် ဆရာ၊ ဆရာမခြောက်ဦးအား ထောက်ပံ့ငွေများပေးအပ်ကာ တက္ကသိုလ်ဝန်ထမ်းရေးရာ၌ ကျောင်းအပ်လက်ခံနေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
နဝင်းချောင်းတံတား ချဉ်းကပ်လမ်းပြိုကျမှု ကာကွယ်ရေးလုပ်ငန်းကိုလည်းကောင်း၊ ပန်းတောင်းမြို့နယ်
ဥသျှစ်ပင်မြို့(ကံကလေး) ပုသိမ်-မုံရွာလမ်း အပိုင်းအလိုက် ၂၄ ပေအကျယ် ကွန်ကရစ်၊ ကတ္တရာလမ်းချဲ့ထွင်နေမှုကို
လည်း ကောင်း၊ လဲရွာပျိုးဥယျာဉ်၌ သစ်မျိုးစုံအပင်ပေါင်း ၄၅၀၀၀ ပြုစုပျိုးထောင်ထားရှိမှုကို
လည်းကောင်း၊ ခုံကြီးကျေးရွာ (ဘူးရိုးချောင်း) ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်ထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များမှာကြား
သည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊
တာဝန်ရှိသူများတွေ့ဆုံ၍ စိုက်ပျိုးရေး၊မွေးမြူရေးနှင့် ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး
ဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ပန်းတောင်းမြို့ ပေါ်တော်မူ(နေရာဦး) ဘုရားဝင်းအတွင်း၌ အစိုးရပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသည့်
သံဃာတော်များနှင့် သီလရှင်များအား သွားရောက်ကြည်ညိုပြီး နဝကမ္မအလှူငွေကျပ် ၁၀ သိန်း
ဆက်ကပ်လှူဒါန်းကာ ပြည်သူ့ ဆေးရုံကြီးသို့ရောက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများ၊ လူနာများနှင့်တွေ့ဆုံကာ
ထောက်ပံ့ငွေများ ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည်
ပြည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ အစိုးရပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေသည့်
သံဃာ/သီလရှင် ၈၈၃ ပါးအား သွားရောက်ကြည်ညိုပြီး နဝကမ္မအလှူငွေများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ အဆိုပါစာသင်ကျောင်းရှိ
Grade(8)သင်ရိုးသစ်နည်းပြသင်တန်းသို့ ကြည့်ရှုအားပေးပြီး သင်တန်းသား၊ သင်တန်းသူနှင့်
ဆရာများကို သီးခြားထောက်ပံ့ငွေများ ပေးအပ်ခဲ့ ကြောင်းသိရသည်။
သတင်းစဉ်

No comments:
Post a Comment