Monday, May 2, 2022

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများ ပြည်ပမှ အဆင်ပြေချောမွေ့စွာ တင်သွင်းနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိ

 


နေပြည်တော် မေ ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေး ကြန့်ကြာမှုမရှိ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မေ ၁ ရက်တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်း မှ ကုမ္ပဏီနှစ်ခု၊ ယာဉ်စီးရေ သုံးစီးဖြင့် နှာခေါင်းစည်း ၁၀ တန်နှင့် PPE ဝတ်စုံ ၂၈၀၀၀ တင်သွင်းခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထား သည့် SOP များနှင့် အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိကြောင်းနှင့် ဆေးဝါး နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်း ခြင်းနှင့် ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment