မော်လမြိုင် မေ ၁၄
၁၃၈၄ ခုနှစ် ကဆုန်လပြည့် (ဗုဒ္ဓနေ့) မွန်ပြည်နယ် မော်လမြိုင်မြို့၏ ကျက်သရေဆောင် ဆုတောင်းပြည့် မဟာမြတ်မုနိ ဘုရားကြီး သွန်းလောင်းတော်မူသော (၁၁၈) နှစ်မြောက် ရက်မြတ်မင်္ဂလာ ရောင်တော်ဖွင့် ပူဇော်ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်ခဲ့ ကြောင်း သိရသည်။
ရှေးဦးစွာ နမောတဿ သုံးကြိမ် ဘုရားအား ပူဇော်ကန်တော့ခဲ့ကြကာ
မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းက မဟာမြတ်မုနိ ဘုရားကြီးအား
မျက်နှာသစ်တော်ရေ ဆက်ကပ် ပူဇော်ကန်တော့ပြီး အရှေ့တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်က မျက်နှာသုတ်ပုဝါအား ရှင်တော်မြတ် ဘုရားထံ ဆက်ကပ်ပူဇော်ခဲ့သည်။
ဆက်လက်ပြီး ကျိုက်သလ္လံစေတီတော်ရှိ
မဟာဗောဓိညောင်ပင်၌ ကဆုန်ညောင်ရေ သွန်းလောင်း ပူဇော်ပွဲအခမ်းအနားအား ကျင်းပရာ နမောတဿ
သုံးကြိမ်ဘုရား ကန်တော့ ဖွင့်လှစ်ပြီး မဟာဗောဓိ
ညောင်ပင်၌ ဝတ်အသင်းအဖွဲ့များက နဂါး၊ ဂဠုန်၊
နတ်၊ ဗြဟ္မာ၊ အပေါင်းတို့အား ညောင်ရေသွန်းလောင်း ကြွေးကြော်သံ ဂါထာတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြ
သည်။
ထိုနောက် မွန်ပြည်နယ်ဝန်ကြီးချုပ်
ဦးဇော်လင်းထွန်းနှင့် အဖွဲ့ဝင်များ၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး
ဗိုလ်ချုပ်ကိုကိုမောင်နှင့် အဖွဲ့ဝင်များက မဟာဗောဓိ ညောင်ပင်အား အမွှေးနံ့သာရေများ
ပက်ဖြန်းပူဇော်၍ ညောင်ရေသွန်းလောင်းကာ ဗုဒ္ဓသာသနာ စိရံတိဠတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ခဲ့ကြကြောင်း
သိရသည်။
ခင်စန်းမြင့် ခရိုင်ပြန်/ဆက်


No comments:
Post a Comment