Friday, May 13, 2022

ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း စက်သုံးဆီတင်သွင်းသိုလှောင် ဖြန်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ (၂/၂၀၂၂) လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

 

နေပြည်တော် မေ ၁၃

စက်သုံးဆီတင်သွင်း သိုလှောင်ဖြန်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကာ်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ညီလာခံခန်းမ၌ Virtual စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက စက်သုံးဆီ၏ အခန်းကဏ္ဍသည် မည်မျှအရေးကြီးသည်ကို အားလုံးသိရှိ ထားပြီးဖြစ်သလို တက်ရောက်လာသည့် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချ ဖြန့်ဖြူးရေး အသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီ ကဏ္ဍတွင်လုပ်ကိုင် ဆောင်ရွက်နေကြသည့် ကုမ္ပဏီများ အားလုံးနှင့်အတူပူးပေါင်း၍ စက်သုံးဆီလုံလုံလောက်လောက် တင်သွင်းဖြန့်ဖြူးရောင်းချနိုင်ရေးနှင့် ပြည်သူများအနေဖြင့်လည်း သင့်တင့်မျှတသည့် ဈေးနှုန်းဖြင့်ဝယ်ယူနိုင်သည့် အခြေအနေဖြစ်အောင် ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ စက်သုံးဆီအသင်းသည် အစိုးရကချမှတ်သည့် မူဝါဒများ၊ ထုတ်ပြန်ချက်များကိုဌာနဆိုင်ရာနှင့် သက်ဆိုင်ရာကုမ္ပဏီတို့ အကြားကြားခံအဖြစ် ဆောင်ရွက်နေကြရသည်ဖြစ်၍ အားလုံးအတူတူ လက်တွဲပူးပေါင်း ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ အသင်းမှ အလုပ်အမှုဆောင်အဖွဲ့(ယာယီ) ဖွဲ့စည်းခြင်းကို လည်းကြိုဆိုပါကြောင်း၊ အသင်းအနေဖြင့် စက်သုံးဆီတင်သွင်းခြင်းနှင့် ဖြန့်ဖြူးခြင်းတို့အတွက် သက်ဆိုင်ရာကုမ္ပဏီများနှင့် ညှိနှိုင်း၍ ကြိုတင်စီစဉ်ဆောင်ရွက်ထားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ စက်သုံးဆီလိုအပ်ချက်ပေါ် မူတည်၍ အချိန်မီတင်သွင်းဖြန့်ဖြူးနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြရမည်ဖြစ်သလို အခက်အခဲများရှိပါကလည်း မိမိတို့နှင့်အတူ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်း လုပ်ငန်းကြီးကြပ်ရေးကော်မတီဥက္ကဋ္ဌ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးညွန့်အောင်က စက်သုံး ဆီကုမ္ပဏီများအနေဖြင့် စက်သုံးဆီ တင်သွင်းခြင်း၊ ဖြန့်ဖြူးခြင်းကိစ္စများတွင် အခက်အခဲများရှိ နေသည်ကို နားလည်သဘောပေါက်ပါကြောင်းနှင့် ကော်မတီအနေဖြင့်လည်း စက်သုံးဆီ ပြတ်လပ်မှု မရှိစေရေး၊ ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေးအတွက် စိစစ်ခွင့်ပြုနေရသည် ဖြစ်သည့်အတွက် သက်ဆိုင်ရာ ကုမ္ပဏီများက သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ လိုက်ပါဆောင်ရွက်ကြစေလိုပါကြောင်း ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မြန်မာနိုင်ငံစက်သုံးဆီ တင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းမှ တာဝန်ရှိသူများ၊ စက်သုံးဆီတင်သွင်းသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ စက်သုံးဆီ တစ်ဆင့်ခံရောင်းချသည့် ကုမ္ပဏီများမှ ကိုယ်စားလှယ်များ၊ အထွေထွေအုပ်စုမှ ကိုယ်စားလှယ်များနှင့် တက်ရောက် လာကြသူများက သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြရာတွင် ဆွေးနွေးတင်ပြချက်များ အပေါ် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးဖြေကြားကာ လိုအပ်သည် များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။

သတင်းစဉ်

No comments:

Post a Comment