Wednesday, May 11, 2022

ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံနှင့် တာဝန်ရှိသူများ အရှေ့တောင်အာရှအားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပွဲစဉ်ယှဉ်ပြိုင်မှု ကြည့်ရှုအားပေး

 

ဗီယက်နမ် မေ ၁၀

ဗီယက်နမ်နိုင်ငံတွင် ကျင်းပပြုလုပ်လျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(က) ပတ်လည်ပြိုင်ပွဲပွဲစဉ်များကိုယနေ့ မြန်မာစံတော်ချိန် ညနေ၃ နာရီခွဲတွင်ဗီယက်နမ်နိုင်ငံVietTri ဘောလုံး အားကစားကွင်း၌ မြန်မာ U-23 အသင်းနှင့် ဖိလစ်ပိုင် U-23 အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးမင်းသိန်းဇံ၊ ဗီယက်နမ်ဆိုင်ရာ မြန်မာ သံအမတ်ကြီးဦးကျော်စိုးဝင်း၊ စစ်သံမှူး ဗိုလ်မှူးချုပ်အောင်ဇေယျနှင့် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်မှ တာဝန်ရှိသူများ သွားရောက်ကြည့်ရှု အားပေးသည်။

ပြိုင်ပွဲတွင် မြန်မာအသင်းက ဖိလစ်ပိုင်အသင်းကို သုံးဂိုး-နှစ်ဂိုးဖြင့်အနိုင်ရရှိခဲ့ရာ ပထမ ပိုင်းစတင်ပြီး နှစ်မိနစ်အကြာတွင် မြန်မာအသင်းမှ ဝင်းနိုင်ထွန်းက ဦးဆောင်ဂိုးသွင်းယူခဲ့သည်။ အနိုင်ဂိုးများကို ဒုတိယပိုင်း ၅၁ မိနစ်တွင် လွင်မိုးအောင်က လည်းကောင်း၊ ၅၄ မိနစ်တွင် စိုးမိုးကျော်ကလည်းကောင်း ထပ်မံသွင်းယူခဲ့သည်။

လက်ရှိတွင် မြန်မာအသင်းသည် နှစ်ပွဲကစားနှစ်ပွဲအနိုင်ရလဒ်ဖြင့် အုပ်စု အဆင့် ၁ နေရာ၌ ရပ်တည်လျက်ရှိပြီး မေ ၁၃ ရက်တွင် အိမ်ရှင်ဗီယက်နမ်အသင်းနှင့်လည်းကောင်း၊ အုပ်စု နောက်ဆုံး ပွဲစဉ်အဖြစ်မေ ၁၅ ရက်တွင် အင်ဒိုနီးရှားအသင်းနှင့်လည်းကောင်း ယှဉ်ပြိုင်ကစားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment