လွိုင်ကော် မေ ၁၀
ကယားပြည်နယ်အတွင်း ယာယီတိုက်ပွဲရှောင်ပြည်သူများ ပြန်လည်နေရာချထားရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယာယီတိုက်ပွဲရှောင်ပြည်သူများ နေ့စဉ်ပြန်လည်ဝင်ရောက် နေထိုင်လျက်ရှိရာ ပြည်သူများ၏ လုံခြုံရေး၊ လတ်တလောကာလ စားဝတ်နေရေး အဆင်ပြေစေနိုင်ရေး ၊ ပျက်စီးသွားသော နေအိမ်အဆောက်အအုံများ ပြန်လည်ပြုပြင်ပေးရေး၊ တောင်သူများ စိုက်ပျိုးရေးကာလအမီ စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်နိုင်ရေး၊ မိုးစပါးနှင့်မိုးနေကြာမျိုးစေ့များနှင့် ဓါတ်မြေဩဇာများ အချိန်မီဖြန့်ဝေပေးနိုင်ရေး၊ သတ်မှတ်ကာလတွင် စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ပေးနိုင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများထိုးနှံနိုင်ရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများရရှိနိုင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းများကို ပြည်နယ်အစိုးရအဖွဲ့၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပြည်သူများ ပူးပေါင်းညှိနှိုင်း၍ ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းမှူးဗိုလ်ချုပ်နီလင်းအောင်က ပြည်နယ်၏
လုံခြုံရေးကိစ္စရပ်များ၊ ပြည်လည်နေရာချထားရေးကိစ္စများနှင့်စပ်လျဉ်း၍
ဆွေးနွေးပြောကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်ဝန်ကြီးများ၊
ဒေသကွပ်ကဲမှုစစ်ဌာချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူးတို့က နေရပ်ပြန်ယာယီတိုက်ပွဲရှောင်ပြည်သူများအတွက်
ဆောင်ရွက်ပေးထားသည့် အခြေအနေများကို ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနဆိုင်ရာအသီးသီးက ပြည်သူများ
မိမိနေရပ်တွင်ပြန်လည်နေထိုင်ရာတွင် စိုက်ပျိုးရာသီကာလအမီ
စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးနှင့် ဌာနအလိုက် ကဏ္ဍအသီးသီးတွင်
ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ဆွေးနွေးတင်ပြခဲ့သည်။
ထို့နောက် တက်ရောက်လာသော ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများက
လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ ကျေးရွာများမှ
ပြည်သူများပြန်လည်ဝင်ရောက်မည့်အခြေအနေများ၊ လိုအပ်ချက်များကိုတင်ပြခဲ့ရာ
ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး
နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်းသိရသည်။
ပြည်နယ်(ပြန်/ဆက်)

No comments:
Post a Comment