နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ဦးတည်ချက် ၉ ရပ်ချမှတ်ဆောင်ရွက်လျက်ရှိရာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် လူမှုရေးဦးတည်ချက် တစ်ရပ်ကိုလည်း ထည့်သွင်းချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန် မျိုးဆက်သစ်လူငယ်များ၏ ပညာရည်မြင့်မားရေးအတွက် ပညာသင်အခွင့်အလမ်းပုံမှန်ပြန်လည်ရရှိစေရေးကို အထူးအလေးထားကြိုးပမ်း ဆောင်ရွက်လျက်ရှိပါသည်။
မျိုးဆက်သစ်လူငယ်များ၏ ပညာရေးကိုရှေးရှု၍
နိုင်ငံတစ်ဝန်းရှိ အခြေခံပညာကျောင်းများကို ၁-၁၁-၂၀၂၁ ရက်နေ့တွင်လည်းကောင်း၊ အဆင့်မြင့်ပညာတက္ကသိုလ်/
ကောလိပ်များကို ၁၂-၅-၂၀၂၂ ရက်နေ့တွင်လည်းကောင်း ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပါသည်။
ဆက်လက်၍ ၂၀၂၂-၂၀၂၃ ခုနှစ်ပညာသင်နှစ်အတွက် အခြေခံပညာသင်ကျောင်းများကို ၂-၆-၂၀၂၂ ရက်နေ့တွင်
ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
အနာဂတ်၏ခေါင်းဆောင်များဖြစ်လာကြမည့် မျိုးဆက်သစ်လူငယ်များ၏
ပညာရည်မြင့်မားရေး ကိုဆောင်ရွက်ရာတွင် အခြေခံပညာရေးသည် များစွာအဓိကကျပါသည်။ အခြေခံပညာသင်ကြားကြမည့် ကျောင်းသားလူငယ်များပညာရည်နို့ကို အပြည့်အဝသောက်စို့နိုင်ရန်နှင့် အရည်အသွေးပြည့်ဝပြီး
ဆရာ၊ တပည့် အချိုးမျှတသည့် သင်ကြားမှုစနစ်ဖြစ်စေရန်အတွက် အတွေ့အကြုံရှိ ဆရာ/ဆရာမများ
လိုအပ်ပါသည်။ ခြိမ်းခြောက်အကျပ်ကိုင်ခံရမှုကြောင့် လည်းကောင်း၊ ငြိမ်းချမ်းစွာ ဆန္ဒပြမှုများတွင်ပါဝင်ခဲ့မိသောကြောင့်လည်းကောင်း
စိုးရိမ်ကြောင့် ကြမှုများကြောင့်တာဝန်မှကင်းကွာခဲ့ကြသော ပညာရေးဝန်ထမ်းဆရာ/ ဆရာမများ၊
ဝန်ထမ်း စည်းကမ်းဖြင့်အရေးယူခံထားရသည့် ဆရာ/ဆရာမများအနေဖြင့် နိုင်ငံသားမျိုးဆက်သစ်
လူငယ်များအတွက် စေတနာ၊ ဝါသနာ၊ အနစ်နာဟူသော နာသုံးနာကို ရှေးရှု၍သင်ကြားရေး တာဝန်များကို
ပြန်လည်ထမ်းဆောင်နိုင်ရန်အတွက် မိမိတို့၏သဘောဆန္ဒအလျောက် မိမိတို့ နောက်ဆုံးတာဝန်ထမ်းဆောင်ခဲ့ရာ
ကျောင်းတည်ရှိသည့် မြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ၊ မိမိတို့လက်ရှိနေထိုင်ရာဒေသရှိ
နီးစပ်ရာမြို့နယ်ပညာရေးမှူးရုံးသို့ဖြစ်စေ သတ်မှတ်ပုံစံများ ဖြည့်စွက်ရန်နှင့် အယူခံလွှာတင်သွင်းရန်တို့အတွက်
၃၁-၅-၂၀၂၂ ရက်နေ့မတိုင်မီ သတင်းပို့ ကြရန်ဖြစ်ပါသည်။
တာဝန်မှကင်းကွာနေသော အခြေခံပညာရေးဝန်ထမ်းများအနက်
တာဝန်ထမ်းဆောင်ရန် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်နေသောဝန်ထမ်းများ၊ ဌာနဆိုင်ရာ
စုံစမ်းစစ်ဆေးဆဲ ဝန်ထမ်းများနှင့် အယူခံတင်သွင်းသည့်ဝန်ထမ်းများအား တာဝန်ပျက်ကွက်ခဲ့သည့်ကာလများကို
လစာမဲ့ခွင့်အဖြစ်သတ်မှတ်၍ ကြီးလေးသောရာဇဝတ်မှုကျူးလွန်ထားသူများမှအပ တာဝန်ပြန်လည်ထမ်းဆောင်နိုင်ရေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
အသိပေးကြေညာအပ်ပါသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ရေးအဖွဲ့
No comments:
Post a Comment