နေပြည်တော် မေ ၂
၁၉၆၇ ခုနှစ် သြဂုတ် ၂၆ ရက်တွင် စတင်တည်ထောင်ခဲ့သော စာပေဗိမာန်သည် ၂၀၂၂ ခုနှစ် ဩဂုတ် ၂၆ ရက်တွင် (၇၅) နှစ်ပြည့် မြောက်လျက် စိန်ရတုခရီး တိုင်ပြီဖြစ်ပါသည်။ သို့ဖြစ်ရာ ရွှေသွေးဌာနအနေဖြင့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂)ကို ထုတ်ဝေဖြန့်ချိလိုက်သည်။
စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ် အထူးထုတ် (၂၀၂၂)တွင်
ကဗျာ၊ မြန်မာစကားပုံ၊ ပုံပြင်၊ ဝတ္ထုတို၊ ဉာဏ်စမ်း၊ ရွှေသွေးတို့လက်ရာ စာစီစာကုံးနှင့်
ပန်းချီကဏ္ဍ၊ သုတဆောင်းပါးကဏ္ဍနှင့် ကာတွန်းဇာတ်လမ်းတို့ပါဝင်ပြီး သုတရသစုံလင်စွာ တင်ဆက်ထားသည်။
ကဗျာနှစ်သက်သော ကလေးများအတွက် အကြောင်းအရာမျိုးစုံကို သီကုံးဖွဲ့နွဲ့ထားသည့် ကဗျာ ၁၆
ပုဒ် ထည့်သွင်းဖော်ပြထားသည်။ ထို့ပြင် ကလေးများအတွက် သုတ၊ ရသများကို ဖော်ကျူးပေးထားသည့်
ပုံပြင် ငါးပုဒ်၊ ကလေးဝတ္ထုဇာတ်လမ်း ငါးပုဒ်၊ သုတဆောင်းပါး သုံးပုဒ်၊ ရွှေသွေးတို့လက်ရာ
ပန်းချီ ငါးခု၊ စာစီစာကုံး သုံးပုဒ်တို့နှင့်အတူ ကလေးများ၏ စိတ်ကူးဉာဏ်ကို ကွန့်မြူးစေမည့်
ဉာဏ်စမ်းကဏ္ဍတို့လည်း ပါဝင်သည်။
ကာတွန်းကဏ္ဍတွင် ကာတွန်းဆရာကြီးများဖြစ်ကြသော ကာတွန်းဦးဘကြည်၊ ကာတွန်း
ရွှေမင်းသား၊ ကာတွန်း မောင်မောင်လေး၊ ကာတွန်း ကျော်ထွဏ်း၊ ကာတွန်း သန်းကြွယ်၊ ကာတွန်း
အောင်အောင်ထွေး၊ ကာတွန်း သူရ၊ ကာတွန်း သိက္ခာ၊ ကာတွန်း MGU မောင်ဦး၊ ကာတွန်း အောင်ရှိန်၊
ကာတွန်း ရွှေရိုး၊ ကာတွန်း ဆူးထက်အောင်၊ ကာတွန်း ရန်ကြီးအောင်၊ ကာတွန်း ဦးစိန်၊ ကာတွန်း
မြတ်နိုး၊ ကာတွန်း မောင်တင်ယု၊ ကာတွန်း ဝင်းမြင့်အောင်၊ ကာတွန်း စိုးတင့်(ဟီးနိုး)၊
ကာတွန်း ဒစ်ဂျစ်တယ်၊ ကာတွန်း ကျောက်ပု၊ ကာတွန်း ဝင်းဖေ(အဖျောက်)၊ ကာတွန်း မောင်ရွှေဝင်း၊
ကာတွန်း သက်စု၊ ကာတွန်း ပြုံးချို၊ ကာတွန်း ကျော်တင်မြင့်သစ်၊ ကာတွန်း ကိုကျော်(ကြံခင်း)၊
ကာတွန်း ထွန်းထွန်းဝင်း (ရန်ကုန်တက္ကသိုလ်) စသည့် ကာတွန်းဆရာများ၏ လက်ရာများကို စုံလင်စွာ
ဖတ်ရှုခံစားနိုင်မည် ဖြစ်ပါသည်။
ထိုကဲ့သို့ နာမည်ကျော် ကာတွန်းလက်ရာကျော် ဆရာများ၏ လက်ရာကောင်း လက်ရာမွန်များကို
တစ်စုတစ်စည်းတည်း ဖတ်ရှုနိုင်မည် ဖြစ်သည့်အပြင် အခြားစိတ်ဝင်စားဖွယ် ဝတ္ထု၊ ပုံပြင်၊
ကဗျာများကိုလည်း ဖတ်ရှုနိုင်မည့် စာပေဗိမာန် စိန်ရတုအထိမ်းအမှတ် ရွှေသွေးဂျာနယ်အထူးထုတ်
(၂၀၂၂) စာအုပ်ကို တန်ဖိုးငွေကျပ် ၃၅ဝဝ ဖြင့် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့တို့ရှိ
စာပေဗိမာန် အရောင်းဆိုင်များနှင့် ရန်ကုန်မြို့ရှိ စာပေဗိမာန် အရောင်းဌာန၊ အမှတ် (၅၂၉-၅၃၁)၊
ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၃၈၁၄၄၈၊ ၀၁-၂၄၉၀၃၁ သို့ ဆက်သွယ်မှာယူနိုင်ပါသည်။
သတင်းစဉ်
No comments:
Post a Comment